အခန်း ၂၉၉ - ချစ်ချစ်​တောက်ဒြပ်စင်အခွံမာ​ကောင်

299 39 0
                                    

အခန်း ၂၉၉ - ချစ်ချစ်​တောက်ဒြပ်စင်အခွံမာ​ကောင်

ထို​ကျောက်စိမ်းအဲမ်စိမ်းသစ်သားသည် ​ကောင်းဖုန်း၏အဘိုးတွင်ရှိ​သော သစ်သားထက်ပို၍ ကြီးမား​လေသည်။

လင်းယွမ်သည် ထိုသို့တန်ဖိုးကြီးပစ္စည်းကို အလွန်ဂရုမစိုက်ဟန်ဖြင့် ​အေး​အေး​ဆေး​ဆေးယူထုတ်နိုင်သည်ကို ​ကောင်းဖုန်းသိလိုက်ရသည်။

လင်းယွမ်သည် ​ကျောက်စိမ်းအဲမ်စိမ်းသစ်သားကို လက်ဖြင့်​ခေါက်ကြည့်လိုက်ပြီး ​ကောင်းဖုန်းကို​မေးကြည့်လိုက်သည်။ "ဒီကီလိုဂရမ် ၂၅၀ ရှိတဲ့ လုံးဝ​ကျောက်စိမ်းအ​နေအထားနဲ့ အဲမ်စိမ်းရဲ့ အရည်အ​သွေးကို မင်းဘယ်လိုထင်လဲ။"

ပထမ​တော့ ​ကောင်းဖုန်းသည် ထိတ်လန့်သွားပြီး ထို​ကျောက်စိမ်းအဲမ်စိမ်းကို မယုံနိုင်​သောမျက်လုံးများဖြင့် ကြည့်လာသည်။ လင်းယွမ်က ၂၅၀ ကီလိုဂရမ်ရှိသည်ဟု ​ပြောလာရာ ထို့ထက်နည်းမည်​တော့မဟုတ်​ပေ။

  ဤမျှ အလွန်ကြီးမား​​သော ကျောက်စိမ်းအဲမ်စိမ်း၏ အရည်အ​သွေးမှာ မည်သို့အ​ကောင်းဆုံးမဖြစ်ဘဲ ​နေလိမ့်မည်နည်း။

​ကောင်ဖုန်းသည် ဂရုတစိုက်​လေ့လာကြည့်​နေရင်း သူ၏ပွင့်ဖတ်ပုံဝိညာဉ်သားရဲ​သေတ္တာထဲမှ ကိရိယာတစ်ခုကို ယူထုတ်လိုက်သည်။ ထိုကိရိယာမှာ သစ်သားကို လုံးဝ​​ကျောက်စိမ်းအ​နေအထား​ရောက်မ​ရောက် တိုင်းတာသည့် ထူးခြား​သောကိရိတစ်ခုဖြစ်သည်။

​ဤကမ္ဘာသည် မိုက်မဲလှသည်ဟု ​ကောင်းဖုန်းခံစားလိုက်ရသည်။ သို့​သော် သူ့မျက်နှာပြုံး​နေဆဲပါပင်။ အကယ်၍ ဤ​ကျောက်စိမ်းအဲမ်စိမ်းကို ချက်ချင်းဝယ်လိုက်ပြီး သူ့အဖိုးကို နှစ်သစ်ကူးလက်​ဆောင်အဖြစ် ​ပေးအပ်လိုက်မည်ဆိုလျှင် သူ့အ​ဖိုးသည် ​သေချာ​ပေါက် အ​ပျော်လွန်သွားလိမ့်မည်ဟု သူခံစားရသည်။

​ကောင်းဖုန်းသည် ​လေညင်းမြို့​တော်၏ ဂုဏ်က​ရေရှိ​ကောင်းမိသားစု၏ တစ်ဦးတည်း​သော တိုက်ရိုက်မျိုးဆက်ဖြစ်​သော်လည်း ထိုကိစ္စသည် သူ့အတွက်အ​တော်​လေး ကရိကထများသည်ဟု သူခံစား​နေရဆဲပင်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now