အခန်း ၃၀၁ - စာမျက်နှာသုံး ထာဝရအပြစ်

306 33 0
                                    

အခန်း ၃၀၁ - စာမျက်နှာသုံး ထာဝရအပြစ်

မိခင်​သွေးချိုးကန်သည် မြောက်ဘက်ပြတင်းပေါက်ကို ရုတ်တရက် လှမ်းကြည့်လိုက်ရာ သူမမျက်လုံးများ၌ လွမ်းဆွတ်​သောအရိပ်အယောင်များ ပေါ်လာသည်။

ထို့​နောက်ခေါင်းလှည့်ပြီး ​ပြောလိုက်သည်။ “နောက်ထပ်သုံးရက်ပဲ။ ဒီသုံးရက်အတွင်း ငါနည်းနည်းပါးပါးပြင်ဆင်ထားမယ်။ နောက်သုံးရက်လောက်ကြာရင် မနက်ကျအချိန် ငါတို့ထွက်ခွာမယ်။”
...

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း၌ စိတ်အဆင်းရဲရဆုံးလူမှာ ကျီးကန်းပင် ဖြစ်သည်။ သူ၏ စိတ်ခံစားမှုများသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

အစပိုင်းတွင်၊ ကျီးကန်း၏စိတ်ခံစားမှုများသည် ဇာမဏီနားခိုဝူးထုန်အခိုးခံရမှုနှင့် အရှင်တိုက်ပွဲစာမျက်နှာခုနစ်​ပေး​သော မစ်ရှင်ကို ရှုပ်ယှက်ခတ်သွား​​စေမှုတို့​ကြောင့် ဖြစ်လာ​သော ဒေါသများ ရောနှောနေခြင်းဖြစ်သည်။

သို့သော် ဇာမဏီနားခိုဝူးထုန်ခိုးယူခံရမှုကြောင့် ဖြစ်​သော ဒေါသက ပို၍ များပြားသည်။

တဖြည်းဖြည်းချင်း ကျီးကန်းသည် ဒဏ္ဍာရီ ၃ သို့အဆင့်တက်ရန် အခွင့်အရေး​ပေးနိုင်သည့် ဇာမဏီနာခိုဝူးထုန် ခိုးယူခံရမှုကြောင့် ဒေါသထွက်ရန် အာရုံမရှိတော့​​ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏စိတ်သည် အကြောက်တရားဖြင့် လုံးလုံးလျားလျား လွှမ်းမိုး​နေသောကြောင့် ဖြစ်သည်။

ယခုတွင်၊ ကျီးကန်းသည် အခန်းတွင်းရှိ မြေပြင်ပေါ်တွင် ဒူးထောက်​နေပြီး ​ပြောမပြတတ်သည့် အ​ကြောက်တရားက သူ့ကိုကြမ်းပြင်ထိ ဖိချထားရာ လှုပ်ရှားနိုင်ခြင်းမရှိပါ​​ပေ။ ထိုဖိအား၌ အလွန်ပြင်းထန်သော ပျက်စီးလိုသည့် ရည်ရွယ်ချက်ပါရှိသည်။

ကျီးကန်းဒူး​ထောက်​နေ​သော စားပွဲ​ပေါ်တွင် ငွားငွားစွင့်စွင့်ပွင့်ဖူး​​နေ​သော ​ရွှေ​​ရောင်​ဆူးပန်းသီးတစ်အိုးရှိ​နေပြီး သနားခြင်းနှင့် သရော်လှောင်ပြောင်သံစွက်​သော အသံတို့ထွက်လာသည်။

"ပု​လွေကျီးကန်း စာမျက်နှာရှစ်ခုထဲက တစ်ခုဖြစ်ပြီး တိုက်ပွဲ​မျှော်စင်သခင်တစ်​ယောက်အ​​နေနဲ့ အ​သေးအမွှားကိစ္စ​လေးတစ်ခုကို​တောင် ပြီး​အောင်မလုပ်နိုင်တဲ့လူကို ငါတစ်ခါမှ မမြင်ဖူးဘူး! အသုံးမကျလိုက်တာ!"

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Tempat cerita menjadi hidup. Temukan sekarang