အခန်း ၂၇၃ - ဇာမဏီနားခိုဝူးထုန်ပင် (၂/၃)

296 38 0
                                    

အခန်း ၂၇၃ - ဇာမဏီနားခိုဝူးထုန်ပင် (၂/၃)

ယင်းမှာ ထိုဆန်းပြားမျိုးသန့်များကို ဆန်းပြား ၁ မှ ၅ အထိ အဆင့်မြှင့်တင်ရာတွင် လင်းယွမ်ရင်ဆိုင်ရ​သော အကြီးမားဆုံးပြဿနာဖြစ်သည်။

သူသည်​ ​မောဘီးယပ်စ်အား ဝိညာဉ်ချုပ်ခန်း​နေရာကွက်လပ်အတွင်းရှိ ဝိညာဉ်ဖွဲ့စည်းခြင်းမှဖြစ်​​ပေါ်လာ​သော ဝိညာဉ်ချီပုံ​ဆောင်ခဲများအ​ကြောင်း ​မေးဖူးသည်။ ဆန်းပြားမျိုးသန့်များကို ဆန်းပြား ၁ မှ ၂ အထိအဆင့်မြှင့်တင်ရန် အနည်းဆုံးဝိညာဉ်ချီပုံ​ဆောင်ခဲ ၁၀၀ ​လောက်လိုအပ်မည်ဖြစ်သည်။ လက်ရှိစွမ်းအားဖြင့် ​မောဘီးယပ်စ်အသည် ထိုမျှများပြား​သောဝိညာဉ်ချီပုံ​ဆောင်ခဲများကို ဖွဲ့စည်းရန် အနည်းဆုံးနှစ်နှစ်ခန့်လိုအပ်​ပေမည်။

ထိုကာလသည် သူ့အတွက်သိသိသာသာ ရှည်ကြာလွန်းလှသည်။ ထို့အပြင် ယင်းသည် ဆန်းပြား ၁ မှ ၂ အထိမြှင့်တင်ခြင်းသာ ရှိ​သေးသည်။

ထို့​ကြောင့် လင်းယွမ်၌ ဖန်တီးရှင်ဆရာသခင်တစ်​ယောက်အ​နေဖြင့် အလွန်တရာကြီးမားသည့် လုပ်နိုင်စွမ်းများရှိ​ကာ တခြားဖန်တီးရှင်ဆရာသခင်များ မလုပ်နိုင်သည့်ကိစ္စများကို လုပ်နိုင်​သော်လည်း ဆန်းပြားမျိုးသန့်များ၏ အရည်အ​သွေးကိုမြှင့်တင်နိုင်ရန်အတွက်​တော့ တခြားဝိညာဉ်ချီပညာရှင်များကဲ့သို့ ရတနာများရှာ​ဖွေရုံသာတတ်နိုင်သည်။

ထိုအရာ၌ စု​ပေါင်းအမည်တစ်မျိုးရှိသည်— ​ကောင်းကင်နှင့်​​မြေကြီးဝိညာဉ်သားရဲများပင်။

​ကောင်းကင်နှင့်​​မြေကြီး ဝိညာဉ်သားရဲများသည် သာမန်ဝိညာဉ်သားရဲများနှင့် ကွဲပြားသည်။ ဝိညာဉ်ချီပညာရှင်များသည် အဆင့်များ၊ အရည်အ​သွေးများ၊ စွမ်းရည်များနှင့် သီးသန့်ကျွမ်းကျင်မှုတို့ရှိ​သော သာမန်ဝိညာဉ်သားရဲများနဲ့ စာချုပ်ချုပ်ဆိုနိုင်သည်။

ထို​ကောင်းကင်နှင့်​မြေကြီးဝိညာဉ်သားရဲများသည် လင်းယွမ်ရရှိခဲ့​သော ဝိညာဉ်စွမ်းအင်ကိုတိုးမြှင့်​ပေးနိုင်သည် ဟင်္သာပြဒါရိုင်းမြင်းကျား​အော့စမန်းသပ်နှင့် သက်ရှိယဇ်ပူ​ဇော်မီးကို ထုတ်​ပေး​သော ဘုံဗိမ္မာန်နီတို့နှင့်တူသည်။ ယင်းဝိညာဉ်သားရဲတို့အား ဝိညာဉ်ချီပညာရှင်များက စာချုပ်ချုပ်နိုင်ခြင်းမရှိ​ပေ။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now