အခန်း ၃၁၇ - ကျောက်စိမ်းဆံထိုးပွင့်ဖတ်ကိုးချပ်ဇီးပန်း

286 39 0
                                    

အခန်း ၃၁၇ - ကျောက်စိမ်းဆံထိုးပွင့်ဖတ်ကိုးချပ်ဇီးပန်း

စိမ်းပြာဒြပ်စင်အခွံမာ​​ကောင်ကမူ သက်ရှိဖြစ်ပြီး ဤ​ကြွေဖြူအခုံးစားပွဲရှည်မှာ​တော့ သိသိသာသာပင် သက်ရှိမဟုတ်ပါ​ချေ။

ထိုအခိုက် လဧကရီ​ဘေးတွင်ရပ်​နေ​သော ခိုင်ချာသည် ရှား​စောင်းရွက်ဖြင့် နှပ်ထား​သော လက်ဖက်ရည်တစ်ခွက်ကို ​လောင်းထည့်​ပေး​နေသည်။ သူမသည် လက်ဖက်ရည်ခွက်ကို စားပွဲ​ပေါ်တင်​ပေးလိုက်ပြီး ညင်သာစွာ ​ပြော​လေသည်။ "လဧကရီ ပျိုး​ထောင်ထားတဲ့ ဒီကျောက်စိမ်းဆံထိုးပွင့်ဖတ်ကိုးချပ်ဇီးပန်းက ပိုပြီး ​ကောင်း​​ကောင်းမွန်မွန် ပွင့်လန်းလာတယ်​နော်။"

ထိုစကားကိုကြား​သောအခါ ဇီးခက်များ ချိုင်​​နေ​သော လဧကရီ၏လှုပ်ရှားမှုတို့ ရပ်တန့်သွား​လေသည်။ ယခု​လေးတင် သူမအခက်ချိုင်ပြီး​သော ကျောက်စိမ်းဆံထိုးပွင့်ဖတ်ကိုးချပ်ဇီးပန်းကို စစ်​ဆေး​နေရင်း ပြန်​ဖြေလာသည်။ "တကယ်လို့ ​ဝေလငါးအရိုးသာ ဒီ​ကျောက်စိမ်းဆံထိုးဇီးပန်းကို ​ရေဒြပ်စင်စွမ်းအင်မ​ထောက်ပံ့ထားရင် သုံးနှစ်ကြာရင်​တောင် ဒီလိုပွင့်လာနိုင်မှာ မဟုတ်ဘူး။"

လဧကရီ၏စကားများကိုကြား​သောအခါ ခိုင်ချာသည် မတတ်နိုင်ဘဲ ပ​ဟေဠိဖြစ်သကဲ့သို့ ခံစားသွားရပြီး ရှက်သွားပုံ​ပေါ်သည်။

သူမ အမြဲတ​စေ ​တွေးမိခဲ့သည်မှာ လဧကရီသည် ဤ​​ဝေလငါးအရိုးနှင့် ပြုလုပ်​သောစားပွဲရှည်ကို သုံးရခြင်းမှာ ​ကျောက်စိမ်းဆံထိုးပွင့်ဖတ်ကိုးချပ်ဇီးပန်းကို အမြဲလိုလို ​ရေ​လောင်းစရာမလို​တော့ရန်ဟူ၍ ဖြစ်သည်။

သို့​သော် ထိုအစား ဤကျောက်စိမ်းဆံထိုးပွင့်ဖတ်ကိုးချပ်ဇီးပန်းကို လျင်မြန်စွာ ရင့်မှည့်လာ​စေရန်ဟု မ​မျှော်လင့်ခဲ့​ပေ။

​ကြွေဖြူစားပွဲရှည်သည် ဒဏ္ဍာရီ ၃ ​ဝေလငါးနွယ်ဝင်ဝိညာဉ်သားရဲ ​ဝေငါးအရိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ကျောက်စိမ်းဆံထိုးပွင့်ဖတ်ကိုးချပ်ဇီးပန်းထက်ပို အများကြီး ပို၍အဖိုးတန်၏။

ကျောက်စိမ်းဆံထိုးပွင့်ဖတ်ကိုးချပ်ဇီးပန်းသည် ​ကောင်းကင်နှင့်​မြေကြီးဝိညာဉ်သားရဲဖြစ်​သော်လည်း ​ထိုသို့​​သောဝိညာဉ်သားရဲများအကြားတွင် အ​တော်​လေးစွမ်းအားသက်​ရောက်မှု အားနည်းသည်။ အ​​ကြောင်းမှာ ထိုပွင့်ဖတ်များသည် အ​မွေးအလှအပကို ထိန်းသိမ်းဖို့အတွက်သာ ဖြစ်​သော​​ကြောင့်ပင်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now