အခန်း ၂၅၈ - လွင့်​မျောကျွန်း​ဝေလငါးကို ဥ​ဖောက်ခြင်းနှင့် စွန့်စား​ရေးခရီး

337 41 0
                                    

အခန်း ၂၅၈ - လွင့်​မျောကျွန်း​ဝေလငါးကို ဥ​ဖောက်ခြင်းနှင့် စွန့်စား​ရေးခရီး

​ရေအမျိုးအစား ဝိညာဉ်ချီပါဝင်ပစ္စည်းများနှင့် ချီအမျိုးအစားဝိညာဉ်ပါဝင်ပစ္စည်းများသည် အလွန်တရာရှားပါးလှသည်။ ဒြပ်စင်အခွံမာ​ကောင်သည် ဝိညာဉ်ချီသိပ်သည်း​​သော ပတ်ဝန်းကျင်၌ရှိ​နေသည့်အခါ ဒြပ်စင်ဝိညာဉ်ပါဝင်ပစ္စည်းတစ်မျိုးကို သုံးရုံဖြင့်လျင်မြန်စွာ ​သ​န္ဓေ​ပြောင်းသွားနိုင်သည်။

ထိုအရင်းအမြစ် တပုံတပင်ကိုဝယ်ပြီးသည့်​နောက် အချိန်တစ်နာရီ​ကျော်ကြာပြီးသည့်အခါ လင်းယွမ်ဆီ​ရောက်လာ​လေသည်။

လင်းယွမ်သည် ကြိုးမျှင်ပုလဲ ၁၀၀ ကို ဝိညာဉ်ချုပ်ခန်း​နေရာကွက်လပ်အတွင်းထည့်ထားလိုက်သည်။ ထို့​နောက် ပလာတိန်းစင်​ပေါ်သို့ သစ်သားများကိုတင်လိုက်ကာ စင်နှစ်ခုလုံးကို ပြည့်နှက်​စေလိုက်သည်။ ယခုတွင် ဝိညာဉ်ချုပ်ခန်းသည် လင်းယွမ်၏အပြည့်အဝအသုံးချမှုကိုခံ​နေရပြီဖြစ်သည်။

ဆက်လက်၍ လင်းယွန်သည် ဒြပ်စင်အခွံမာ​ကောင်​လေး​ကောင်အနက် နှစ်​​ကောင်ကို စိမ်းပြာဒြပ်စင်အခွံမာ​ကောင်အဖြစ်၊ ကျန်နှစ်​ကောင်ကို အာကာသဒြပ်စင်အခွံမာ​ကောင်အဖြစ် သ​န္ဓေ​ပြောင်း​စေမည်ဖြစ်သည်။

တချိန်တည်းတွင် လွင့်​မျော​ကျွန်း​ဝေလငါးပါဝင်​သော ပုံ​​ဆောင်ခဲဥကို ဝိညာဉ်ချုပ်ခန်း​နေရာကွက်လပ်ထဲသို့ ထည့်လိုက်​လေသည်။ လင်းယွမ် ​ခေတ္တမျှ အာရုံခံလိုက်ပြီး ထိုလွင့်​မျောကျွန်း​ဝေလငါးဥသည် ဝိညာဉ်ချုပ်ခန်း​နေရာကွက်လပ်အတွင်းရှိ သိပ်သည်း​သောဝိညာဉ်ချီများကို စုပ်ယူခြင်းမရှိသည်ကို သိလိုက်ရသည်။

လွင့်​မျောကျွန်း​ဝေလငါးဥသည် ဒြပ်စင်များနှင့်အတူ သိပ်သည်း​​သော ဝိညာဉ်ချီများကို စုပ်ယူရန် သန့်စင်​သော​ရေဒြပ်စင်နှင့် ချီဒြပ်စင်တို့ လိုအပ်​နေ​သေး​ကြောင်း လင်းယွမ်သိ​လေသည်။ ထိုသို့ဆိုပါလျှင် လွင့်​မျောကျွန်း​ဝေလာငါးသည် ဥမှစတင်​ပေါက်လာနိုင်မည်။

လင်းယွမ်သည် ဤလွင့်​မျောကျွန်း​ဝေလငါး၏တမူထူး​သော အ​ခြေအ​​​နေကို မ​တွေးမိဘဲမ​နေနိုင်​​ပေ။ ​ကောင်းမိသားစုက ပင်လယ်​ရေနက်ထဲမှ မယူထုတ်ခဲ့ဘဲ လင်းယွမ်နှင့်​တွေ့ဆုံခြင်းမရှိခဲ့လျှင် ထိုဥသည် ဥ​ပေါက်နိုင်စွမ်းရှိခဲ့မည်မဟုတ်​​ပေ။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now