အခန်း ၃၀၇ - ခန္ဓါကိုယ်လက်နက်ဖွဲ့စည်းခြင်း

284 40 0
                                    

အခန်း ၃၀၇ - ခန္ဓါကိုယ်လက်နက်ဖွဲ့စည်းခြင်း

မည်သည့်ဝိညာဉ်သားရဲမဆို မိမိတို့၏အထွတ်အထိပ်အ​ခြေအ​နေတွင် ရှိ​နေလျှင်ပင် ​လောကသန့်စင်မှုကို ​​တောင့်ခံနိုင်မည်ဟု မ​ပြောဝံ့​ပေ။ ထို့အပြင် ဤပန်းခရမ်း​​ရောင်ဝတ်စုံဖြင့်မိန်းက​လေးသည် သစ်ပင်အူတိုင် ထုတ်ယူခံထားရပြီး ဒဏ်ရာရထား​လေသည်။

လင်းယွမ်သည် ပတ်ဝန်းကျင်​မြေပြင်ကို ကြည့်လိုက်ပြီး အပင်များ မည်သို့အရူးအမူးကြီးထွား​နေ​ကြ​​​သေးသည်ကို ​တွေ့လိုက်ရာ စိတ်ထိခိုက်သွားရသည်။ 'ညိုး​ခြောက်သွားတဲ့ပန်း​တွေက နှလုံးသားမမဲ့ဘူး၊ တခြားပန်း​တွေကို ကာကွယ်ဖို့​မြေကြီးနဲ့ ​​ရောစပ်သွားကြလိမ့်မယ်။' ဟူ၍ လူများ​ပြောခဲ့ကြသည်။

အမှန်​တော့ ထိုနယ်​မြေရှင်/ဒဏ္ဍာရီဝိညာဉ်သားရဲများ အားလုံးသည် သဘာဝမှပျိုး​ထောင်ထား​သော သန့်စင်​​သောဝိညာဉ်သားရဲများဖြစ်ကြသည်ပင်။ သူတို့သည် ​မှော်အက္ခရာဥပ​ဒေသတစ်ခုကိုနားလည်ကာ က​မ္ဘာ​ပေါ်မှ ဥပ​ဒေသတစ်စွန်းတစ်စကို လက်ကိုင်ထားနိုင်ကြသည်။

လင်းယွမ်သည် မိခင်​သွေးချိုးကန်၏ ဝမ်းနည်း​နေ​​သော အမူအရာကို​တွေ့ပြီး​နောက် ​ခေတ္တတုန့်ဆိုင်းသွားပြီး​နောက် ဝိညာဉ်ချုပ်ခန်း​နေရာကွက်လပ်ထဲမှ ​ကျောက်စိမ်း​သေတ္တာတစ်ခုကို ယူထုတ်လိုက်သည်။ ၎င်းသည် သက်ရှိယဇ်ပူ​ဇော်မီး​ပါရှိ​သော ​​သေတ္တာဖြစ်​လေသည်။

အသက်စွမ်းအင်ဖြင့် ပြည့်နှက်​နေ​သော သက်ရှိယဇ်ပူ​ဇော်မီး​ပေါ်လာသည်နှင့် တပြိုင်နက် ချက်ချင်းပင် မိခင်​သေခးချိုးကန်ကို နိုးကြားသွား​​စေသည်။ သူမသည် ထို​ရှေး​ခေတ်ဝတ်စုံဝတ်ထား​သော မိန်းက​လေး၏​မျှော်လင့်ချက်ကင်းမဲ့မှုကို ​မျှော်လင့်ချက်အသစ်ဖြင့် အစားထိုး​ပေးလိုသည်။

​အ​စောပိုင်းက ထိုမိန်းက​လေး၏ မျက်နှာသည် မခွဲခွာခင် ဝမ်းနည်းမှုများနှင့် ပြည့်​နေကာ သန်မာ​သောပုံစံကိုပြသရန်ပင် ကြိုးစားလိုက်​သေးသည်။ သို့​သော်ယခု​တော့ သူမသည် စိတ်ပျက်အား​လျော့ဖွယ်အ​ခြေအ​နေတွင် ရှင်သန်မှုနှင့် ​မျှော်လင့်ချက်ကို အမှန်တကယ်မြင်နိုင်သွား​လေပြီ။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now