အခန်း ၂၈၉ - ချီ​မေ၏ ပူပန်မှုများ

331 38 0
                                    

အခန်း ၂၈၉ - ချီ​မေ၏ ပူပန်မှုများ

ယခု​​တော့ စားပွဲ​ပေါ်တွင် ​နောက်ထပ်ပစ္စည်းတစ်ခုပိုလာပြီဖြစ်သည်၊ ယင်းမှာ လင်းယွမ် ခန​လေးတင် ထားလိုက်သည့် သက်ရှိယဇ်ပူ​ဇော်မီးပင်ဖြစ်သည်။ ၎င်းသည် အပင်ဝိညာဉ်သားရဲများ၏ ဒုတိယဘဝနှင့်ညီမျှသည့်အတွက် အသက်တစ်ကြိမ်သွင်းခွင့်ရရှိထားခြင်းနှင့် တူသည်။

လင်းယွမ်သည် အမွှာဘုံဗိမ္မာန်နီ​၏ အဓိကပန်းပွင့်ကို ဂရုစိုက်ရန် ရည်ရွယ်ချက်မရှိ​ပေ၊ ၎င်းသည် မီး​တောက်နီတို့ဖြင့် ​လောင်ကျွမ်း​နေကာ မရင့်မှည့်​သေး​သော သက်ရှိယဇ်ပူ​ဇော်မီးဖြင့် ရစ်ပတ်ခြင်းခံထားရသည်။

၎င်းကို ဝိညာဉ်ချုပ်ခန်း​နေရာကွက်လပ်ရှိ ​ထောင့်တစ်​နေရာ၌သာ ​​နေရာချထားသည်။ အမွှာဘုံဗိမ္မာန်နီ၏ အဓိကပန်းပွင့်သည် အတွင်းရှိ သန့်စင်​သောဝိညာဉ်ချီအ​မြောက်အမြား​ကြောင့် လုံးဝပြန်​ကောင်းသွားပြီဖြစ်သည်။

သို့​သော် လင်းယွမ်သာ ဤအဓိကပန်းပွင့်ကို သက်ရှိယဇိပူ​ဇော်မီးထုတ်လုပ်ရန် ပျိုး​ထောင်လိုပါလျှငိ အလွန်များပြား​သော မီးဒြပ်စင်များလိုအပ်မည်ဖြစ်သည်။ ယခုတွင် သူ့၌ မီးဒြပ်စင်စွမ်းအင်အ​မြောက်အမြားရနိုင်မည့် နည်းလမ်းမရှိ​တော့​ပေ။

လင်းယွမ်သည် ဒြပ်စင်အခွံမာ​ကောင်ကို ​တွေးမိသွားသည်။ အကယ်၍ သူ့တွင်​နောက်တစ်​ကောင်ရှိလာမည်ဆိုပါက ချစ်ချစ်​တောက်ဒြပ်စင်အခွံမာ​​ကောင်အဖြစ် လုံးဝသ​န္ဓေ​ပြောင်း​စေလိုက်မည်ဖြစ်သည်။

ရဲရဲ​တောက်ဒြပ်စင်အခွံမာ​ကောင်သည် အာကာသဒြပ်စင်အခွံမာ​ကောင်နှင့် စိမ်းပြာဒြပ်စင်အခွံမာ​ကောင်တို့နှင့် တူညီ​သော်လည်း ၎င်းမှထွက်လာသည့် ဒြပ်စင်ပုလဲများ၌ မီးဒြပ်စင်များပါ​လေသည်။

သန့်စင်​​သောဝိညာဉ်ချီအ​မြောက်အမြားကို စုပ်ယူပြီး ထုတ်လုပ်လာ​​သော သန့်စင်သည့်မီးဒြပ်စင်နဲ့ ဒြပ်စင်ပုလဲများသည် အမွှာဘုံဗိမ္မာန်နီ၏အဓိကပန်းပွင့်ကို သက်ရှိယဇ်ပူ​ဇော်မီးထုတ်လုပ်ရာတွင် ကူညီနိုင်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now