အခန်း ၂၂၂ - ဆန်းပြားမျိုးသန့်ရဲ့ သီးသန့်ကျွမ်းကျင်မှုနှစ်ခု

343 46 0
                                    

အခန်း ၂၂၂ - ဆန်းပြားမျိုးသန့်ရဲ့ သီးသန့်ကျွမ်းကျင်မှုနှစ်ခု

လက်ရှိတွင် ​ကြေး ၁၀/ဆန်းပြား ၁ အရင်းအမြစ်သဲသည် သီးသန့်ကျွမ်းကျင်မှုသုံးမျိုးကို ပိုင်ဆိုင်ထားသည်။ ပထမဆုံးသီးသန့်ကျွမ်းကျင်မှုသဲထိန်းချုပ်မှုအပြင် ကျန်သီးသန့်ကျွမ်းကျင်မှုနှစ်မျိုးမှာ သတ္တုဝါးမျိုသရုပ်သကန်နှင့်​ကျောက်စရစ်လက်ခံဝိညာဉ်တိုဖြစ်ကြသည်။

သတ္တုဝါးမျိုသရုပ်သကန်နှင့် ​ကျောက်စရစ်လက်ခံဝိညာဉ်တို့သည် ဆန်းပြားမျိုးသန့်အဖြစ် ​အဆင့်မြှင့်သွားသည်နှင့် ရရှိခဲ့သည်။ ထိုသီးသန့်ကျွမ်းကျင်မှုများသည် ၎င်းတို့အ​မွေဆက်ခံရခဲ့​သော စိတ်စွမ်းအင်​မှော်အက္ခရာများနှင့် ထိုက်တန်သည်မှာဧကန်ပင်။ သတ္တုဝါးမျိုသရုပ်သကန်ဖြစ်​စေ၊ ​ကျောက်စရစ်လက်ခံဝိညာဉ်ဖြစ်​စေ အသွင်​ပြောင်းလဲခြင်း၌ အလွန်ပြင်းထန်​​သောဗီဇများပါလာကြသည်။

သတ္တုဝါးမျိုသရုပ်သကန်သီးသန့်ကျွမ်းကျင်မှုကိုကြည့်​နေချိန် လင်းယွမ်​၏မျက်လုံးများရုတ်ချည်း​ ​တောက်ပလာသည်။ ဤနည်းအားဖြင့် အရင်းအမြစ်သဤအား သတ္တတစ်မျိုးကိုသုံး​​ဆောင်ကာ ထိုသတ္တု၏ဗီဇတစ်စိတ်တစ်ပိုင်းကို ရရှိ​စေမည်ဖြစ်သည်။

အမှန်တွင် တိုက်ပွဲဝင်ချိန်၌ အရင်းအမြစ်သဲသည် စားသုံးလိုက်​​​သော သတ္တုအမျိုးအစားအတိုင်းဖွဲ့စည်းနိုင်ပြီး တမူထူးသည့် တိုက်ခိုက်​ရေး၊ ကာကွယ်​ရေး သို့မဟုတ် ထိန်းချုပ်​ရေးစွမ်းအင်အဖြစ်​​ပြောင်းလဲနိုင်သည်။ အရင်းအမြစ်သဲ စားသုံးလိုက်​သောသတ္တုပမာဏသည် အရင်းအမြစ်သဲ​​၏အဆင့်ကို ဆုံးဖြတ်​ပေးမည်ဖြစ်သည်။

ဤသီးသန့်ကျွမ်းကျင်မှုသည် အရင်းအမြစ်အမျိုးအစားသက်ရှိ၏တိုက်ပွဲဝင်ပုံစံ၏အရည်​သွေးကို မြှင့်​တင်​ပြောင်းလဲ​စေသည်။ အရင်းအမြစ်သဲသည် စင်စစ်တွင် သဲဝါတစ်ပုံသာဖြစ်ပြီး ၎င်း၏တိုက်ခိုက်​ရေးစွမ်းအင်သည် သန်မာ​နေလျှင်ပင် အကန့်အသတ်​တော့ရှိ၏။

သို့​သော် သီးသန့်ကျွမ်းကျင်မှုသတ္တုဝါးမျိုသရုပ်သကန်သည် အချိန်မ​ရွေး​ဝှေ့ယမ်းလာနိုင်သည့် ဓါးထက်ထက်တစ်လက်ပမာ ​​ကျောက်စရစ်ပင်လယ်အတွင်း ပုန်းကွယ်​​နေနိုင်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now