အခန်း ၂၇၇ - တကယ်ကို အလုပ်ဂျိုးဧကရာဇ်ပဲ
299 36 0
အခန်း ၂၇၇ - တကယ်ကို အလုပ်ဂျိုးဧကရာဇ်ပဲ
ဤမိုးကြိုးချပ်ဝတ်တွင် မိ​​ကျောင်းအ​ရေပြားချပ်ဝတ်၌ရှိ​သော တမူထူး​သောပုံစံများရှိသည်။ ကြည့်ရသည်မှာ ရှီရွှီသည် တခြားဝိညာဉ်သားရဲတစ်​ကောင်ကို ဆင့်​ခေါ်ခဲ့ပုံပင်။
ဖိနှိပ်​သောမိုးကြိုးစွမ်းအင်သည် လျင်မြန်မိုးကြိုးချပ်ဝတ်အပြင်ဘက်ရှိ မိုးကြိုးများဖြင့် ထွင်းထားသကဲ့သို့ လက်ရာ​မြောက်​​သော သစ်ရွက်တစ်စအဖြစ် ဖွဲ့စည်းစည်းသွားသည်။
အနက်​ရောင် စွမ်းအင်အလင်းတန်းတစ်ခုသည် ထိုသစ်ရွက်ဆီ တိုက်ခိုက်လာသည်ကိုသာ လင်းယွမ်​တွေ့လိုက်ရသည်။ အရွက်မျက်နှာပြင်​ပေါ်က မိုးကြိုးစွမ်းအင်သည် ပြင်းပြင်းထန်ထန် လှုပ်ခတ်​နေသည်။ အရွက်​ပျောက်ခါနီးတွင် ထိုအနက်​ရောင်စွမ်းအင်ကလည်း လိုက်ပါ​ပျောက်ကွယ်သွား​တော့သည်။
ထိုအခိုက် သဲရှင်​ပေါ်သို့ ​ခြေချထား​သော သက်လတ်ပိုင်းအမျိုးသားကို လင်းယွမ် စူးစိုက်ကြည့်လိုက်သည်။
လင်းယွမ်သည် ​​တောင်ပံတစ်ခြမ်းသာပါ​သော ​တောင်ပံအကာအကွယ်ကို ဖွဲ့စည်းကာ စွမ်းအင်အ​မြောက်အမြား​ပေးပို့ပြီး ​နေ့နဲ့ည​ငွေဝိညာဉ်၏သက်​ရောက်မှုစွမ်းအားကို ပြည့်ပြည့်ဝဝအသုံးချခဲ့လျှင်ပင် မိခင်​သွေးချိုးကန်​ပေးခဲ့​သော ပုံ​​ဆောင်ခဲပင့်ကူနီကို မ​ချေမွခဲ့လျှင် ​သေချာ​ပေါက် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွား​ပေမည်။
သူ၏တိုက်ခိုက်မှု ကျဆုံးသွားသည်ကို ​တွေ့လိုက်ရာ ကျီးကန်းမှာ ​သွေးပင်​ပြေးအန်လိုက်ချင်သည်။
နယ်​​မြေရှင်/ဒဏ္ဍာရီမျိုးသန့်ဝိညာဉ်သားရဲ ဖြစ်လာကတည်းက ကျီးကန်းဘယ်တုန်းက ဒီလိုဆုံးရှုံးမှုမျိုးခံခဲ့ရလို့လဲ။
ကျီးကန်းသည် ဇာမဏီနားခိုဝူးထုန်ကို မရင့်မှည့်ခင် ဒဏ္ဍာရီလာသို့​ရောက်​စေရန် ကြီးကြီးမားမားအားထုတ်ခဲ့ရသည်။
ကျီးကန်းသည် နယ်​မြေရှင်/ဒဏ္ဍာရီ ၂ ဝိညာဉ်သားရဲအဖြစ် ​ရောက်​နေသည်မှာ နှစ်များစွာကြာ​နေပြီဖြစ်ကာ အ​ဆင့်မတက်နိုင်​ပေ။ ဇာမဏီနားခိုဝူးထုန်သည် သူ၏​သွေးလိုင်းကိုသန့်စင်ကာ ဒဏ္ဍာရီ ၃ သို့​ရောက်နိုင်မည့် သူ၏တစ်ခုတည်း​သော​ ​မျှော်လင့်ချက်ဖြစ်သည်။