အခန်း ၃၀၂ - စွပ်ပြုတ်လုပ်လိုက်တာကမှ ​ကောင်းဦးမယ်

288 35 0
                                    

အခန်း ၃၀၂ - စွပ်ပြုတ်လုပ်လိုက်တာကမှ ​ကောင်းဦးမယ်

​ကောင်းဖုန်းသည် ​လေညင်းမြို့​​တော်ကိုပြန်သွားပြီ အချိန်တိုအတွင်း ​​မွေးကင်းစဒြပ်စင်အခွံမာ​ကောင်နှင့် အလယ်အလတ်ဆင့်ထူးဆန်းမီး​တောက် ၃၀ တို့ကို ငှက်ကုလားအုတ်​ထောက်ပံ့ပို့​ဆောင်​ရေးမှတဆင့် လင်းယွမ်ဆီ ပို့​ဆောင်လာသည်။

​ကောင်းဖုန်း ​ကောင်းမိသားစုသို့ပြန်သွား​စဥ်က လင်းယွမ်သည် ​ကျောက်စိမ်းအဲမ်စိမ်း​လေးပိုင်းကို သူနှင့်တစ်ပါတည်း ယူသွား​စေခဲ့သည်။

​ကောင်းဖုန်းသည် သူနှင့် သူငယ်ချင်းဖြစ်လို​ကြောင်း လင်းယွမ်ခံစားနိုင်သည်ဖြစ်ရာ သူ့တွင်လည်း သူနှင့်သူငယ်ချင်းဖွဲ့ရန် စိတ်ကူးရှိ​လေသည်။

လင်းယွမ်သည် သူ့အဖွဲ့အစည်း၏အဓိကအဖွဲ့ကို ဖွဲ့စည်းရန် စဥ်းစား​သောအခါက ​ကောင်းဖုန်းကိုစဥ်းစားမိသည်။ သူ၏စာချုပ်ချုပ်ထား​သော ​ရွှေ/ဆန်းပြား​မျိုးသန့်လေညင်း​ခေါင်ရမ်းနှင့် စမ်း​ချောင်းဝါနှင်းပန်းတို့သည် 'သိမ့်​မွေ့​သော' ​အ​ထောက်အပံ့အားလုံး၏ တာဝန်များကိုယူရန် လုံ​လောက်သည်။

​ကောင်းဖုန်းကဲ့သို့ သန့်စင်​သောအ​ထောက်အပံ့ဝိညာဉ်ချီ ပညာရှင်တစ်​ယောက်သည် ဝိညာဉ်စမ်း​​ချောင်းနှင်းပန်းနှင့် ​လေညင်း​ခေါင်ရမ်းတို့၏ အဓိကအားသာချက်မှာ ဝိညာဉ်သားရဲများ၏ ဝိညာဉ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်း​ပေးနိုင်ခြင်းတို့နှင့် အတူသာဆိုပါက ​ကောင်းဖုန်း၏​​​ထောက်ပံ့​ရေးစွမ်းရည်သည် သူ၏ဆူးနီ သို့မဟုတ် လျို့ကျယ်၏ အင်းဆက်ဘုရင်မတို့အ​ပေါ် အလွန်တရာအားပြင်း​သော သက်​ရောက်မှုရှိနိုင်သည်ဟု ​​ပြော၍ရသည်။

လင်းယွမ်​၏ အမြင်တွင် ​ကောင်းဖုန်းသည် ဧရာမဘတ်ထရီခံနိုင်အားနဲ့ ပါဝါဘန့်တစ်လုံးဖြစ်​လေသည်။ သူ၏တိုက်ခိုက်​ရေးစွမ်းရည်သည် အားနည်း​သော်လည်း ပါဝါဘန့်၏ သက်တမ်းသည် အဖွဲ့ထဲရှိ ကုသ​ရေးဝိညာဉ်ချီပညာရှင်တစ်ဦးထက် ပမာဏတစ်ခုအထိ ပိုမိုအသုံးဝင်ပါ၏။

လင်းယွမ်သည် သူ​ထူ​ထောင်​သော အဖွဲ့အစည်း၏ အဓိကအဖွဲ့အတွက် ကုသ​ရေးဝိညာဉ်ချီပညာရှင် ​​နောက်တစ်​ယောက် ထပ်ရှာမည်မဟုတ်​ပေ၊ အ​ကြောင်းမှာ ထိုတာဝန်ကို သူလုပ်​ဆောင်နိုင်​သော​ကြောင့်ပင်။ သို့​သော် ယခင်က သူတစ်ခါမှ ​ကောင်းဖုန်း၏ခွန်အားကို မမြင်ဖူးခဲ့​ပေ။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now