အခန်း ၂၃၁ - ဟီးဟီး ကျွန်​တော်ကအနက်ပါ

348 40 0
                                    

အခန်း ၂၃၁ - ဟီးဟီး ကျွန်​တော်ကအနက်ပါ

​နောက်တစ်​နေ့၌ နံနက်ခင်း​နေ​ရောင်ခြည်သည် အိမ်အတွင်းသို့ထွန်းလင်းလာကာ အတွင်းရှိကျောက်စိမ်းသားနဲ့တူ​​သော သစ်သားပရိ​ဘောဂများကို ​အ​ရောင်​ဖျော့​ဖျော့​လေးလက်သွား​စေပြီး အခန်းတွင်း၌ ရိုးရှင်း​သောဆွဲ​ဆောင်မှုတစ်မျိုးဖြင့် လှည့်ပတ်​နေသည်။

ဉာဏ်ကြီးရှင်သည် လင်းယွမ်၏ရင်ခွင်တွင်းတိုး​ဝှေ့ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်​မောကျ​​နေစဥ် ချီ​မေက​တော့ သူ၏လည်ပင်းတွင်​နေရာယူထားသည်။ ​ခေါင်း​လေးကိုလှုပ်လိုက်သည့်အခါ ​ခေါင်းထိပ်ကအ​မွေးများသည် သူ၏လည်ပင်းကို ပွတ်သပ်လို့သွား၏။

ထိုသိမ်​မွေ့​သောလှုပ်ရှားမှု​လေး​ကြောင့် သူ့မျက်လုံးများပွင့်လာသည်။ ဤသို့စိတ်​အေးချမ်းသာအိပ်စက်လိုက်ခြင်း​ကြောင့် ယခင်ကရှိ​​နေ​သောပင်ပန်းမှုအားလုံး ​ပျောက်သွား​တော့သည်။

လင်းယွမ်သည် ချီ​မေနှင့်ဉာဏ်ကြီးရှင်ကို ​ခေါင်းအုံး​ပေါ်သို့ ဂရုတစိုက်ထားလျက် ​ခေါင်း​လေးများကို​ဖော်ပြီး ​စောင်ခြုံထား​ပေးလိုက်သည်။

ထို့​နောက်မ​နေ့ညကတည်းက ဝမ်ယွီကြိုတင်ပြင်ဆင်​ပေးထား​​သော ဝတ်စုံကိုဝတ်ကာ အခန်းထဲမှထွက်သွား၏။

အ​ခြေခံအားဖြင့် သူသည်အဖြူ​ရောင်အဝတ်အစားများကို တစ်ခါမှမဝတ်ဖူး​ပေ။ ယခုတွင် သူဝတ်ထားသည် အဖြူ​ရောင်ပိုးသားဝတ်စုံသည် သူ၏လူငယ်ဆန်ဆန်အ​ငွေ့အသက်ကို ပို၍ပင်ပြင်းထန်လာ​စေသည်။

သူ​အောက်ထပ်သို့ဆင်း​နေရင်း ​ဆန်ပြုနှင့်အရံဟင်းများသယ်လာကာ မီးဖို​ချောင်မှထွက်လာ​သော လျို့ကျယ်ကို​တွေ့လိုက်သည်။

လင်းယွမ်ကိုမြင်​သောအခါ လျို့ကျယ်သည်ပြုံးကာဆိုသည်။ "မင်္ဂလာနံနက်ခင်းပါ၊ လင်းယွမ်။"

လင်းယွမ်သည် ​လှေကားမှအမြန်ဆင်းလာသည်။ "အကိုလျို့၊ ကျွန်​တော်ကူပါ့မယ်။"

ထိုအခိုက် ဝမ်ယွီသည် အပြင်မှဝင်လာကာ​ပြောသည်။ "သခင်​လေး၊ မှာထားတာ​​ရောက်ပါပြီ။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now