အခန်း ၂၄၉ - သ​န္ဓေ​ပြောင်းခြင်း,​စမ်း​ချောင်းဝါနှင်းပန်း

346 40 0
                                    

အခန်း ၂၄၉ - သ​န္ဓေ​ပြောင်းခြင်း,​စမ်း​ချောင်းဝါနှင်းပန်း

လင်းယွမ်သည် မနက်ဖြန်မနက်​​​စော​စော၌ ​လေ့ကျင့်​ရေးဆင်းရန် စီစဥ်ထားပြီးဖြစ်​သော​ကြောင့် ​ကောင်းဖုန်းနဲ့ ည​​နေ ၃ နာရီတွင်​တွေ့ရန် သ​ဘောတူလိုက်ခြင်းဖြစ်သည်။

​ကောင်းဖုန်းနှင့် သ​​ဘောတူညီမှု ရရှိပြီး​နောက်တွင်​တော့ ညအခါ၌ လ​ရောင်ဖြာနန်း​တော်ရှိ သူ၏ဆရာသခင်လဧကရီအား သွား​တွေ့မည်ဖြစ်ကာ ​လေ့ကျင့်​ရေးမဆင်းခင် ​နောက်ဆုံး​သော အ​မေးအ​ဖြေ​လေ့​ကျင့်ခန်းကို လုပ်မည်ဖြစ်သည်။

​လေးနာရီသာ ကျန်​တော့သည်ဖြစ်ရာ လင်းယွမ်သည် ချက်ချင်း ကြယ်ကွန်ယက်ထဲသို့အ​ကောင့်ဝင်လိုက်ပြီး ​ကောင်းဖုန်း​ရွေးထား​သော ​ဝိညာဉ်စမ်း​ချောင်းနှင်းပန်းကို ဝယ်ယူရန် ရှားပါးသက်ရှိပွဲကြည့်စင်သို့ သွားလိုက်သည်။
[​နွေဦးဝိညာဉ်နှင်းပန်းကို ဝိညာဉ်စမ်း​ချောင်းနှင်းပန်းဟု ​ပြောင်းလဲသုံးနှုန်းပါမည်။]

​ထောက်ပံ့​ရေးအပင်အမျိုးအစား ဝိညာဉ်သားရဲဖြစ်​သော ​ဝိညာဉ်စမ်း​ချောင်းနှင်းပန်းသည် အ​တော်အတန်ရှားပါးက ​စျေးမြင့်​သော်လည်း ရှားပါးသက်ရှိပွဲကြည့်စင်တွင်​တော့ ဝယ်ယူရန်မခဲယဥ်း​ပေ။ အ​ကြောင်းမှာ ​​ဈေးကွက်အတွင်းဝယ်လိုအား မြင့်မား​ခြင်းမရှိသော ​သန့်စင်သည့်ထောက်ပံ့​ရေးဝိညာဉ်သားရဲတစ်မျိုးဖြစ်​သော​ကြောင့်ပင်။

​ဝိညာဉ်​​စမ်း​ချောင်းနှင်းပန်း၌ တိုက်ခိုက်​ရေးစွမ်းရည် သို့တည်းမဟုတ် ထိန်းချုပ်​ရေးစွမ်းရည်များ မရှိ​ချေ။ ထိုအစား တခြားဝိညာဉ်သားရဲများ၏ ခန္ဓါကိုယ်ထဲသို့ ဝိညာဉ်ချီအ​မြောက်အမြားထိုးသွင်းကာ စွမ်းရည်များကိုပိုမို သန်မာ​စေနိုင်​သော ​အပင်​ထောက်ပံ့​ရေးဝိညာဉ်သားရဲတစ်မျိုးဖြစ်သည်။

​အဆင့်မြင့်ဝိညာဉ်စမ်း​ချောင်းနှင်းပန်း၏ စွမ်းရည်အသက်ဝင်လာသည်နှင့် အဖူးမှထွက်​ပေါ်လာ​သော ဝိညာဉ်ချီသည် ပန်းထွက်လာ​​သော ဝိညာဉ်စမ်း​ချောင်းတစ်ခုနှင့်တူသည်။

ဝိညာဉ်စမ်း​ချောင်းနှင်းပန်း၏ ​ထောက်ပံ့မှု​စွမ်းရည်သည် အလွန်အမင်းအစွမ်းထက်​သော်လည်း ဝိညာဉ်ချီပညာရှင်များသည် မိမိတို့၏အဖွဲ့ဝင်များကိုသာ မှီခိုနိုင်သည့်အတွက် ၎င်းနဲ့စာချုပ်ချုပ်​သော ဝိညာဉ်ပညာရှင်များသည် ခွတီးခွတအ​ခြေအ​နေသို့ ​ရောက်​နေရသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now