အခန်း ၃၀၅ - ကမ္ဘာ​ပေါ်က အ​ရောင်​ပြောင်းလဲခြင်း

274 32 0
                                    

အခန်း ၃၀၅ - ကမ္ဘာ​ပေါ်က အ​ရောင်​ပြောင်းလဲခြင်း

လင်းယွမ်သည် အရင်းအမြစ်ထူးကဲတိုကင်ကို လက်ထဲတွင် တင်းတင်းဆုပ်ထားသည်။ သူအန္တရာယ်ကြုံလာပါက အတွင်းရှိ လ​ရောင်နယ်ပယ်ကို ခွန်အားအနည်းငယ်သုံးရုံဖြင့် ချက်ချင်းထုတ်လွှတ်နိုင်​လေသည်။

ဤတစ်ကြိမ် အဆုံးမဲ့​တောအုပ်ထဲ၌ သူအရင်းအမြစ်သဲကို ​မြေ​အောက်ထဲ၌ ပမာဏအများအပြား မဖန်တီး​​စေပါ​ပေ။

အကယ်၍ အရင်းအမြစ်သဲသည် အဆုံးမဲ့​တောအုပ်၏ ​တောနက်ထဲတွင် မဆင်မခြင်ပြုမူခဲ့လျှင် အတွင်းရှိအဆင့်မြင့်ဝိညာဉ်သားရဲများ၏ အာရုံကိုဆွဲ​ဆောင်သွားနိုင်သည်။

အစွမ်းထက်ဝိညာဉ်သားရဲများသည် အဆုံးမဲ့​တောအုပ်၏ ​ကုန်းမြေ​အောက်ထဲတွင်ပင် ကျက်စားတတ်ကြသည်။ ​တောနက်ထဲရှိ ဤသို့သဘာဝပတ်ဝန်းကျင်၌ အရင်းအမြစ်သဲကို မဆင်မခြင်ဖန်းတီးလိုက်ခြင်းသည် ​သေဆုံးရန် ဆု​​တောင်း​နေသည်နှင့် ခြားနား​တော့မည်မဟုတ်​ပေ။

မိခင်​သွေးချိုးကန်သည် အန္တရာယ်ကြုံလာချိန် လင်းယွမ်ကိုကာကွယ်နိုင်ရန် အသက်ကိုပင်စ​တေးဖို့ ကြံရွယ်ထားသည်။ သို့​သော် သူ့တွင်လဧကရီ၏ထူးကဲတိုကင်ရှိ​နေမှန်း သိပြီးသည့်​နောက် သူမသည် ထိုနယ်​မြေရှင်/ဒဏ္ဍာရီမျိုးသန့်နှင့် အမှန်တကယ်တိုက်ခိုက်ရမည်​ဆိုလျှင် လင်းယွမ်၏လုံခြုံ​ရေးအတွက် ထပ်မံ၍စိတ်ပူစရာမလို​​​တော့ပါ​ပေ။

ဖြစ်​ကောင်းဖြစ်နိုင်သည်က လင်းယွမ်သည် ​ဘေးအန္တရာယ်ကြီးမားလာသည့်အခိုက်တွင် ထူးကဲတိုကင်ကို ခွဲ​​ချေလိုက်နိုင်ကာ သူ့ကိုယ်သူသာမက မိခင်​သွေးချိုးကန်ကိုပင် ကယ်တင်နိုင်​​လောက်သည်။

တစ်ချိန်တည်းတွင် မိခင်​သွေးချိုးကန်သည် သူ့ကိုထို​နေရာသို့သွား​စေခြင်းမှာ သူသည်ယခုတွင် အများဆုံးမှ စီ-အဆင့်ဝိညာဉ်ချီပညာရှင်သာဖြစ်ရာ သူ၏အ​ရှိန်အဝါသည် အလွန်အားနည်း​နေ​သော​ကြောင့်ဖြစ်သည်။

အဆုံးမဲ့​တောအုပ်၏​တောနက်ထဲတွင် ​လှုပ်ရှားခြင်းမှ ထိုနယ်​​မြေရှင်/ဒဏ္ဍာရီ ၂ ​​အ​မှောင်ပျံသန်းနွယ်ဝင်ဝိညာဉ်သားရဲ၏ အာရုံကိုဆွဲ​ဆောင်နိုင်​လောက်မည်မဟုတ်​ပေ။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Tempat cerita menjadi hidup. Temukan sekarang