အခန်း ၂၇၅ - ဆိတ်ငြိမ်မိုးကြိုးချပ်ဝတ်မိ​​ကျောင်း

296 33 0
                                    

အခန်း ၂၇၅ - ဆိတ်ငြိမ်မိုးကြိုးချပ်ဝတ်မိ​​ကျောင်း

ထိုအခိုက် အဆင့် ၃ အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်း၏ အပူချိန်သည် ဖြည်းညင်းစွာ ပြန်လည်မြင့်တက်လာသည်။ ထိုခမ်းနားကြီးကျယ်လှ​သော ကြက်​​သွေး​ရောင်မီး​တောက်စုပ်ဝဲကြီး ​ပျောက်ကွယ်သွား​သောအခါ ထိန်းချုပ်ခံအသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်းသည် ပိတ်မိ​နေ​သောအ​ခြေအ​နေမှ ပုံမှန်ပြန်ဖြစ်သွားသည်။

ထိန်းချုပ်ခံအဆင့် ၃ ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်းနဲ့ အသူတရာ​ချောက်ကို​ဆက်သွယ်ထား​သော ဗဟိုချက်ဆီမှ မီးဒြပ်စင်စွမ်းအင်အ​မြောက်အမြား တိုးဝင်လာကာ အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်းအား မူလအ​ပူချိန် ၅၀ ဒီဂရီနီးပါးသို့ပြန်​ရောက်သွား​စေသည်။

၂၀ ဒီဂရီမှ ၅၀ ဒီဂရီသို့ရုတ်ခြည်းပြန်လည်မြင့်တက်သွားခြင်းသည် ​ရေခဲ​ရေထဲမှထွက်လာသူတစ်​ယောက်ကို ​ချွေးထုတ်ခန်းထဲ၌ပိတ်ထားသကဲ့သို့ပင်။ ဤထိန်းချုပ်ခံအဆင့် ၃ အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်းတွင်းရှိ စွန့်စားသူများသည် အသက်ပင်​ကောင်း​ကောင်း မရှုနိုင်​တော့​ပေ။

လုံးဝပြိုလဲသွား​​သော ဂူ၏အပြင်ဘက်တွင် လွင့်ပျံ​နေ​သော ဖုန်မှုန့်များအား ​လေညင်းကပြန့်ကျဲ​စေလိုက်သည်။

လင်းယွမ်သည် လျှပ်စီးများဖြင့်ဖုံးအုပ်​နေ​သော ၁၅ မီတာရှည်သည့် ဧရာမမိ​ကျောင်းကြီးကို စစ်မှန်​သောအချက်အလက်ဖြင့်စစ်​ဆေးလိုက်သည်။

[ဝိညာဉ်သားရဲအမည်] - ဆိတ်ငြိမ်မိုးကြိုးချပ်ဝတ်မိ​ကျောင်း

[ဝိညာဉ်သားရဲမျိုးစိတ်] - ဆာကိုဆူးချပ်/​လော်ရီ​ကေတာ

[ဝိညာဉ်သားရဲအဆင့်] - ပလက်တီနမ် (၄/၁၀)

[ဝိညာဉ်သားရဲအမျိုးအစား] - မိုးကြိုး

[ဝိညာဉ်သားရဲအရည်အ​သွေး]- ဆန်းပြား ၁

စွမ်းရည်များ

[အမြီးပိတ်ဆို့ခြင်း] - ၎င်း၏အလွန်ကြီးမား​သောအမြီး​ပေါ်က သန်မာ​သောအ​ရေပြားချပ်ဝတ်ဖြင့် တိုက်ခိုက်မှုကို ခုခံသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Donde viven las historias. Descúbrelo ahora