အခန်း ၂၀၈ - ယုတ်မာ​သော ​ကျောက်​ရှောင်ချွင်

343 43 0
                                    

အခန်း ၂၀၈ - ယုတ်မာ​သော ​ကျောက်​ရှောင်ချွင်

မှန်ထဲသို့ကြည့်ပြီး​နောက် လင်းယွမ်သည် ​​​နောက်​စေ့ကိုပွတ်သပ်လျက် ဤသို့မ​တွေးဘဲမ​နေနိုင်​ပေ၊ ငါကကိုယ့်ကိုယ်ကို နှစ်ခြိုက်တဲ့ အတ္တဝါဒီသမားတစ်​ယောက်မဟုတ်ဘူး​​နော်။

ထို့​​နောက် တစ်ဖက်သို့လှည့်ကာ အခန်းမှထွက်ခွာသွား​တော့သည်။ သူ​အောက်ဆင်းဆင်းလိုက်ချင်း ​အောက်ထပ်ရှိ ဝမ်ယွီနှင့် လျို့ကျယ်တို့မှာ မှက်သက်သွားကြသည်။

လင်းယွမ်သည် မည်သည့်အခါမှ ဝတ်စုံပြည့်မဆင်ဖူး​ပေ။ ယ​နေ့တွင်လည်း ဝတ်စုံပြည့်မဟုတ်​သော်လည်း လဲလှယ်ထား​သောအဝတ်အစားများနှင့် သူ၏တမူထူး​သောတက်ကြွမှုကို​ပေါင်းလိုက်လျှင် မ​ဖော်ပြနိုင်​လောက်​သော ခံ့ညား​ချော​​မောမှုနှင့် ခင်မင်ရင်းနှီးဖွယ်အငွေ့အသက်တစ်မျိုးကို အံ့သြဖွယ်​ကောင်းစွာ ထုတ်လွှတ်​နေသည်။

'မြင့်မားတဲ့အရပ်ဆီက အလှ​လေးက ​ကျောက်စိမ်းနှင့်တူပါလျှင် ​ချော​မောခံ့ညားတဲ့ လူငယ်တစ်​ယောက်က​တော့ ပြိုင်ဘက်ကင်းအတုမရှိသူတစ်​ယောက်ပဲ' ဟူ​သော ဆိုရိုးသည် သူ့အားညွန်းဆိုနိုင်သည်။

လျို့ကျယ်သည် အထင်ကြီးစွာ ​ပြောသည်။ "လင်းယွမ် ဒီဝတ်စုံနဲ့ ဓါတ်ပုံရိုက်ပြီး ကြယ်ကွန်ယက်မှာတင်လိုက်ရင် မင်းရဲ့ရုပ်ရည်တစ်ခုတည်း​နဲ့တင် ပရိသတ်​တွေ အများကြီးရလိမ့်မယ်။"

ဝမ်ယွီသည် သူ့အားမျက်စိလှန်ပြကာ ဆိုသည်။ "လင်းယွမ်က ရုပ်ရည်​အ​ပေါ် မှီခိုဖို့ လိုအပ်​နေလို့လား။"

သူမ၏အမြင်တွင် လင်းယွမ်သည် အလွန်​ချော​မောထူးချွန်လှသည်။ တခြား​သောရှု​ထောင့်များနှင့် ယှဥ်လျှင် သူ၏အရှိန်အဝါနှင့်ပုံပန်းသွင်ပြင်များသည် ​ထုတ်​ပြောဖို့ မထိုက်တန်​ပေ။

လင်းယွမ်သည် အ​တော်​လေး ကူကယ်ရာမဲ့စွာ တုံ့ပြန်လာသည်။ "မင်းတို့နှစ်​ယောက်က​​တော့ တစ်ခုခုပဲ။ မင်းတို့နှစ်​ယောက် ဘယ်အချိန်က ချီးကျူးလောက်ဖွယ် အသင်းတစ်ခုဖြစ်လာပြီး အမွှမ်းတင်မုန်တိုင်းစွမ်းရည်ကို နားလည်ခဲ့တာလဲ။"

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now