အခန်း ၂၂၈ - ​နေစိတ်စွမ်းအင်​မှော်အက္ခရာနဲ့ ဆည်းဆာကြယ်ငှက်
346 38 0
အခန်း ၂၂၈ - ​နေစိတ်စွမ်းအင်​မှော်အက္ခရာနဲ့ ဆည်းဆာကြယ်ငှက်
ကံ​​ကောင်းစွာဖြင့် အဆိပ်ပြင်းအလှ​လေး၌ အဆိပ်ဝိညာဉ်သားရဲများရှိသည့်အတွက် ထီးမှိုပုပ်၏သက်​ရောက်​ခြင်းအနည်းငယ်သာခံရသည်။
သူမ၏စတုတ္ထ​မြောက်ဝိညာဉ်သားရဲသည်​ ​မြေဒြပ်စင်​​ငွေ ၁၀/လက်​ရွေးစင်စွန်းထင်းဖားပြုပ်ဖြစ်သည်။ ၎င်းသည်သူမ၏ ဒုတိယ​မြောက်​​ငွေဝိညာဉ်သားရဲဖြစ်ပြီး ​နယ်မြေ​ငယ်​လေးတစ်ခုကို ညစ်ညမ်း​စေလျက် အဆိပ်အ​တောက်ပြင်း​သော​မြေတစ်ခု ဖြစ်လာ​စေသည်။ အကယ်၍ဝိညာဉ်သားရဲတစ်​​ကောင်သာ ထို​နေရာအ​ပေါ်​ခြေချမိလျှင် ချက်ချင်းအဆိပ်မိသွား​ပေမည်။ ထိုနယ်​မြေနှင့်ထိ​တွေ့မိသည့်အခါ ခန္ဓါကိုယ်သည် ညစ်ညမ်းလာပြီး ပြည်တည်ကာ​သွေးထွက်လာမည်ဖြစ်သည်။
အမှန်​တော့ ဤဝိညာဉ်သားရဲ၏​မြေဆီလွှာညစ်ညမ်း​စေမှုသည် ​မြေဆီလွှာဝိညာဉ်သားရဲများအ​ပေါ် အဆိပ်ပြင်းအလှ​လေး၏ကာကွယ်​ရေးနည်းလမ်းလည်းဖြစ်သည်။
ယခုတွင်လင်းယွမ်သည် သူမ၏ပင်ကိုစွမ်းရည်ကို​တွေ့လိုက်သည်။ သူမသည် အ​ဆိပ်အထောက်အပံ့ဝိညာဉ်သားရဲများနှင့် လိုက်ဖက်ညီ​သောဝိညာဉ်ချီပညာရှင်တစ်​ယောက် ဖြစ်​လေသည်။
ဤသို့​​သောပင်ကိုစွမ်းရည်သည် သန်မာ​သော်လည်း စာချုပ်ချုပ်ဝိညာဉ်သားရဲများအတွက် သူမ​​ရွေးချယ်ထား​သော တိုက်ပွဲဝင်ပုံစံသည် သမားရိုးကျမဟုတ်ဘဲအကွက်​ဆင်တတ်ကာ လမ်းမှားဘက်သို့ဦးတည်​နေသည်ဟု လင်းယွမ်ခံစားရသည်။ သူမသည် မိမိ၏ရှားပါးစွမ်းရည်ကို ဖြုန်းတီး​နေခြင်းသာဖြစ်သည်၊ ဝိညာဉ်ချီပညာရှင်တစ်​ယောက်အ​နေဖြင့် ကြယ်​မျှော်စင်ပြိုင်ပွဲဝင်တစ်​ယောက်သာ ဖြစ်​နေမည်မဟုတ်ပါ​ချေ။
​ရွှေ ၉/လက်​ရွေးစင်ပုံရိပ်​ယောင်မြူခိုးအ​နောက်တိုင်းကျီးသည် နောက်ကျိမြူခိုး၊ တိုက်စားတတ်​သောအေးစိမ့်မြူခိုး၊ အဆိပ်မြူခိုးဒေါသတို့​ရော​နှော​နေသည့် နို့နှင့်တူ​သောအဆိပ်မြူခိုးများကို ​ထွေးထုတ်လာသည်။ ၎င်း၏သီးသန့်ကျွမ်းကျင်မှုဖြစ်​သော ပုံ​ရိပ်​ယောင်မြူခိုးနှင့်အတူ အလွန်​ကောင်းမွန်​သောထိန်းချုပ်မှုနှင့် အားနည်း​သောသက်​ရောက်မှုကိုဖြစ်​ပေါ်​စေသည်။