အခန်း ၂၂၃ - ဒုတိယ​မြောက်အာကာသ​စောင်းတန်းအဆင့်တက်ပြိုင်ပွဲ

365 48 0
                                    

အခန်း ၂၂၃ - ဒုတိယ​မြောက်အာကာသ​စောင်းတန်းအဆင့်တက်ပြိုင်ပွဲ

ယခင်ကလင်းယွမ်သည် အရင်းအမြစ်သဲကို အဆင့်မြင့်သတ္တုများသုံး​​ဆောင်​စေလိုခဲ့သည်။ အကယ်၍အရင်းအမြစ်သဲသည် အဆင့်မြင့်သတ္တုပမာဏအနည်းငယ်ကိုသာ သုံး​ဆောင်နိုင်လျှင်ပင် ထွက်ရှိလာမည့်စွမ်းအင်ပမာဏသည် များပြား​ပေလိမ့်မည်။

သို့​သော် စဥ်းစားချင့်ချိန်မှုတချို့ပြီး​နောက် ထိုအကြံကို လင်းယွမ်လက်​လျှော့လိုက်သည်။ ​ငွေ/ဆန်းပြားချီ​မေဖြစ်​စေ၊ ​​ရွှေ/ဒဏ္ဍာရီလာတိုက်စားခြင်းအက်စစ်ပျားဘုရင်မပင်ဖြစ်​စေ၊ ၎င်းတို့ထံ၌ ​ကြောက်မက်ဖွယ်ပြိုင်ဘက်ကင်းခွန်အားများရှိကြသည်။

လင်းယွမ်သည် အရင်းအမြစ်သဲမှ အလွန့်အလွန်စွမ်းအားပြင်း​သော တိုက်ခိုက်မှုများထုတ်လာ​ရန် မလိုအပ်ပါ​ပေ။ အချုပ်အားဖြင့် အရင်းအမြစ်သဲသည် ယခု​ဖယ်ရိုမန်းဂနိများကိုသုံး​​ဆောင်လိုက်သည်က လင်းယွမ်ကို အစုံသုံးနိုင်သည့် အလွန့်အလွန်ကြီးမား​​သော ခွန်အားကိုရရှိ​စေသည်။

အရင်းအမြစ်သဲ၏ဒုတိယ​မြောက်သီးသန့်ကျွမ်းကျင်မှုကို ကြည့်​နေရင်း လင်းယွမ်သည် ​ကျေနပ်မှုအ​ပေါင်းဖြင့်ခ​ညောင်း​နေသည်။ သို့​သော် တတိ​ယ​မြောက်သီးသန့်ကျွမ်းကျင်မှုကိုကြည့်လိုက်​သောအခါတွင်​တော့ အရင်းအမြစ်သဲသည် ၎င်းနားလည်ခဲ့​သော စိတ်စွမ်းအင်​မှော်အက္ခရာနှစ်ခုနှင့်ပတ်သက်၍ ​သောက်ရမ်းတဲ့တိုးဆန်လွန်းသည်ဟု လင်းယွမ်မြင်သည်။

အသွင်​ပြောင်းခြင်းနှစ်မျိုး၌ တစ်ခုမှာရှင်သန်ခြင်းနှင့် ဆက်နွယ်ပြီး ကျန်တစ်ခုမှာထိုသို့မဟုတ်​ပေ။

တတိယ​မြောက်သီးသန့်ကျွမ်းကျင်မှု ​ကျောက်စရစ်လက်ခံဝိညာဉ်သည် အရင်းအမြစ်သဲအား ဝိညာဉ်သားရဲတစ်မျိုး သို့မဟုတ် ဒိုင်မင်းရှင်းသက်ရှိတစ်မျိုးကို ဝါးမျိုစေသည်။ အရင်းအမြစ်သဲသုံး​​ဆောင်နိုင်​သော ဝိညာဉ်သားရဲနှင့်ဒိုင်မင်းရှင်းသက်ရှိမှာ စွမ်းအင်နှင့်မျိုးရိုးဗီဝစံပုံစံတို့၏ခက်ခဲနက်နဲမှုများအ​လျောက် ဆုံးဖြတ်ရမည်ဖြစ်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Tempat cerita menjadi hidup. Temukan sekarang