အခန်း ၂၉၇ - ကိုယ့်ကိုယ်ကို အငြင်းပွား​နေ​သော လင်းယွမ်

299 36 0
                                    

အခန်း ၂၉၇ - ကိုယ့်ကိုယ်ကို အငြင်းပွား​နေ​သော လင်းယွမ်

မည်သို့ပင်ဆို​စေ လင်းယွမ်သည် ဖန်တီးရှင်ဆရာသခင်များ၏ ဝယ်ယူခြင်းစွမ်းအင်ကိုကြည့်၍ သက်ပြင်းချမိသည်။ အနှီဖန်တီးရှင်ဆရာသခင်များသည် အမှန်တကယ်ပင် အလယ်အလတ်ဆင့်မီး​တောက်များနှင့် တန်ဖိုးတူညီ​သော ပန်းပွင့်ကျင်ခပ်ပုလဲများကို အ​မှောင်ချကုန်သွယ်မှုမှ ​စျေးနှုန်းဆယ်ဆနီးပါး​ပေး၍ ဝယ်ခဲ့သည်။

လင်းယွမ်သည် ယခုတစ်ကြိမ် ​အ​မှောင်ချကုန်သွယ်မှုကို အလွန်ကျေနပ်သည်။ အလယ်အလတ်အဆင့် ထူးဆန်းသော မီးတောက် ၁၀၀ သည် ဇာမဏီနားခိုဝူးထုန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ စုပ်ယူနိုင်ရန် လုံလောက်သည်။

ဝူးထုန် ဝိညာဉ်ချုပ်ခန်း​နေရာကွက်လပ်အတွင်းရှိ သန့်စင်သောချီနှင့် ထူးဆန်း​သော မီးတောက် ၁၀၀ လုံးကို စုပ်ယူခြင်းအပြင် ချီ​မေ၏ သွေးလိုင်းဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်​သောစွမ်းအင်ကို ပေးစွမ်းနိုင်မည်ဖြစ်ကာ အရည်အသွေးကို မြှင့်တင်ပေးပြီး ဆန်းပြား ၁ မှ ၂ သို့ ဆင့်ကဲပြောင်းလဲ​စေနိုင်မည်ဖြစ်သည်။

လင်းယွမ်သည် သူ၏ယခင်ကအ​တွေးများ အမှန်တကယ် မှန်ကန်​နေမည်ဟုမ​တွေးထားမိ​ပေ။

ထိုပန်းပွင့်ကျင်ခပ်ပုလဲ ၁၀ အိုးကို လဲလှယ်ပြီးသည့်​နောက် ဝယ်ယူသူဆယ်​ယောက်သည် အရှုံးမရှိစွာ ဝယ်ယူပါစတိုး၏ဖန်ကလပ်ထဲသို့ ဝင်လာကြ​လေသည်။ သူတို့အားလုံးသည် အမှန်ပင် ဖန်တီးရှင်ဆရာသခင်များဖြစ်​​နေကြသည်။

လင်းယွမ်သည် ဖန်ကလပ်ထဲ၌ မည်သည့်အရာကိုမျှ မတင်ဖူးဘဲ ယခင်ကလို ပုန်း​အောင်း​နေဆဲဖြစ်သည်။ လင်းယွမ်၌ အရှုံးမရှိစွာဝယ်ယူပါစတိုး၏ဖန်ကလပ်ရှိလာကတည်းက ပို့စ်တစ်ခုမှ မတင်ပါ​ပေ။

အမှန်​တော့ ကြက်ဥ​ပြုတ်ခေါင်းသည် လက်​ရွေးစင် ၁၀/​မော်ကွန်းတင်ချည်မျှင်ဖြန်းပက်ပင့်ကူများကို ဝယ်ယူပြီး သီးသန့်ကျွမ်းကျင်မှုထွင်း​ဖောက်ကြည်လင်ပင့်ကူမျှင်ကို ရရှိကတည်းက ဤဖန်ကလပ်ကို တည်​​ထောင်ခဲ့ခြင်းဖြစ်​လေသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Tempat cerita menjadi hidup. Temukan sekarang