အခန်း ၂၅၅ - လင်းယွမ်၏ဂိုဏ်းတည်​ထောင်ခြင်းအစ

348 38 0
                                    

အခန်း ၂၅၅ - လင်းယွမ်၏ဂိုဏ်းတည်​ထောင်ခြင်းအစ

လဧကရီက လက်ကို​ဝေ့ယမ်းကာ ​နွေး​နွေး​ထွေး​ထွေး​ပြောသည်။ "သွားပါ။ မင်းပြန်လာရင် မင်းအတွက် အရသာရှိတဲ့ စားစရာ​တွေ ဆရာလုပ်​ပေးမယ်။"

လင်းယွမ် လယိမ်း​တောင်မှဆင်းလာချိန် အလွန်ဉာဉ့်နက်​နေပြီဖြစ်ကာ ​အေးစိမ့်​သော​ဆောင်း​လေများက တဖြူးဖြူးတိုက်ခတ်​နေသည်။ ယင်းက သူ့ကိုရုတ်တရက် မ​ဖော်ပြနိုင်စွာ ခံစားရ​​စေသည်။ ပြင်းပြ​သောဆန္ဒနှင့် မြင့်မြတ်​​သောရည်မှန်းချက်များ အစရှိသည့် ခံစားချက်များဖြစ်သည်။

လင်းယွမ်၏အမြင်တွင် ​ယောက်ျားတစ်​ယောက်သည် စိတ်​သ​ဘောထား ကြီးမားရမည်။ ​သေးခြင်းရှင်ခြင်းကပ်​​ဘေးများကို မ​ဖြတ်​ကျော်ဖူးဘဲ ​လောကကြီး၏​မှောင်မိုက်ခြင်းတရားအလုံးစုံထဲသို့ ခြေမလှမ်းဖူးလျှင်ပင် ငယ်ရွယ်စဥ်အချိန်ကတည်းက ​ကျေးဇူးတရား သို့တည်းမဟုတ် လက်စား​​ချေမှု အစရှိသည်တို့ကို ကွဲကွဲပြားပြားနားလည်ကာ ပြန်လည်​ပေးဆပ်သင့်သည်။

ယခု၌ လင်းယွမ်အတွက် ရှင်သန်ခြင်းဖြစ်​စေ၊ ခွန်အားမြှင့်တင်ခြင်းဖြစ်​စေ ပြင်ပဖိအားသိပ်မရှိ​နေ​ပေ။ ခွန်အားအရာနှင့်ပတ်သက်၍ ဖိအားကိုခံစားရ​သော်လည်း ယင်းမှာ သူကိုယ်တိုင်ဆီမှလာ​သောအရာပင်။ အသက် ၁၈ နှစ်၌ ဤသို့​​သောခွန်အားမျိုးရှိသည်မှာ လူငယ်သူရဲ​ကောင်းဟု ​ပြောနိုင်သည်။

သူဆရာသခင်၏စကားများကို ကြား​သောအခါ ရုတ်တရက် ကိုယ်ပိုင်ဂိုဏ်းကို တည်​ထောင်မည့်အကြံတစ်ခုရလာသည်။ သူသည် အဖွဲ့အစည်းတစ်ခုတည်​ထောင်မည့် စိတ်ကူးရှိခဲ့ဖူး​သော်လည်း ဂိုဏ်းဟု​တော့ယူဆ၍မရ​ပေ။

ယခုတွင် လင်းယွမ်၌ ကမ္ဘာ​မြေကြီး၏ဗျူ​ဟာ​​မြောက်အရင်းအမြစ်ဟု​ခေါ်နိုင်​သော လွင့်​မျောကျွန်း​ဝေလငါးတစ်​ကောင်ရှိ​လေသည်။ သူ၏ကိုယ်ပိုင်ဂိုဏ်းကို လွင့်​မျောကျွန်း​ဝေလငါး၏​ကျော​ပေါ်၌ တည်​ဆောက်နိုင်သည်။ ဧရာမသတ္တဝါတစ်​ကောင်က ​ကျော​ပေါ်၌လွင့်​မျော့​နေ​​သောမြို့တစ်မြို့ကို သယ်​ဆောင်ထားသည်နှင့် တူသွား​ပေမည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now