အခန်း ၂၇၁ - အလင်း​ပေါက်သွားတယ်! အမွှာဘုံဗိမ္မာန်နီက ကယ်တင်ခံလိုက်ရပြီ!

298 36 0
                                    

အခန်း ၂၇၁ - အလင်း​ပေါက်သွားတယ်! အမွှာဘုံဗိမ္မာန်နီက ကယ်တင်ခံလိုက်ရပြီ!

ဤ​ရွှေ​ရောင်သတ္တုပြားအတွင်း၌ သစ်ပင်ငယ်​လေးမှလွဲ၍ ဘာမှမရှိ​ပေ။ မီတာဝက်မျှရှည်ကာ အလွန်​ကြော့ရှင်း​သော်လည်း ထူးဆန်းပုံရသည်။

အရွက်များသည် သတ္တု​ရောင်ကဲ့သို့ ​လင်းလက်ခြင်းမရှိဘဲ ​သန့်စင်လှ​သော​ရွှေ​ရောင်ဖြစ်သည်။ ထိုအစား ​နေ့လည်ခင်းချိန် ထွန်းလင်း​သော အ​တောက်ပဆုံး​​နေကဲ့သို့​သော အ​ရောင်ကိုထုတ်လွှတ်​နေသည်။

၎င်း၏ပင်စည်နှင့်အကိုင်းအခတ်များသည် အလွန်အမင်းအညို​ရောင်သန်း​သော်လည်း ပင်စည်ညိုညိုကတော့ လင်းယွမ်တစ်ချက်ကြည့်ရုံဖြင့် ရင်းနှီး​သောပုံစံတစ်ခုဖြစ်​ပေါ်နေသည်။

သူ၏ဝိညာဉ်ချုပ်ခန်း​နေရာအတွင်းရှိ ပလာတိန်းသစ်သားစင်​ပေါ်၌ ဟူချွမ်ထွင်း​ပေးခဲ့​သော ဇာမဏီငှက်​တောင်ကို လင်းယွမ်ရုတ်ခြည်း အမှတ်ရလာသည်။

ပင်စည်နှင့်သစ်ကိုင်းတို့သည် ပလာတိန်းသား​ပေါ်တွင် ဟူချွမ်ထွင်း​ပေးခဲ့​​သော ငှက်​တောင်များနှင့် တူ​နေခဲ့၏။

သို့​သော် ဝိညာဉ်ချုပ်ခန်းတွင်းရှိ ပလာတိန်းသစ်​ပေါ်တွင်၌ လက်ဖြင့်ထွင်းထားခြင်းဖြစ်ကာ ဤ​ကြော့ရှင်း​သော်ငြား ထူးဆန်းပုံလည်း​ပေါက်​​​သော ပင်စည်နှင့်အကိုင်းတို့သည်​တော့ သဘာဝအ​လျောက်ကြီးထွားလာကြခြင်းဖြစ်သည်။

ဤအပင်​ငယ်​လေး​ပေါ်က ​ရွှေ​ရောင်အရွက်များသည် လက်သည်းငါး​ချောင်းပုံဖြစ်​နေသည်။ လင်းယွမ်၏အမြင်၌ ယင်းတို့မှာ ပျံသန်းနွယ်ဝင်ဝိညာဉ်သားရဲများ၏လက်သည်းများနဲ့ တူ​သော်လည်း ထို​လောက်​တော့မထက်မြ​ပေ။

ဤမီတာဝက်မျှရှည်​သော အပင်ငယ်​လေးသည် ​တောင်ဘက်ကို မျက်နှာမူကြီးထွား​နေကာ သစ်ကိုင်းများနှင့်အရွက်များက ​ရွှေ​ရောင်ငှက်သိုက်တစ်ခုကဲ့သို့ ရစ်​ခွေ​နေလျက်ရှိသည်။

လင်းယွမ်ကြည့်​လေ​လေ ထိုအပင်၏အကိုင်းနှင့်အရွက်များက ငှက်သိုက်ပုံပမာ ကြီးထွားလာသည်ဟု ထင်မိ​လေ​လေပင်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now