အခန်း ၂၈၀ - ယာယီအဖွဲ့ဖြစ်​ပေါ်လာခြင်း

307 39 0
                                    

အခန်း ၂၈၀ - ယာယီအဖွဲ့ဖြစ်​ပေါ်လာခြင်း

ယင်းကိုမြင်သည်နှင့် လုံ​​ထောင်က လင်းယွမ်ကို ​စောင်းငဲ့ကြည့်ရင်း ​​ပြောလာသည်။ "မင်း နဂါးမုဒ်ဝအဖွဲ့အစည်းထဲ မဝင်ချင်ရင်​တောင် ဒီခက်ခဲတဲ့အချိန်ကို ​ကျော်ဖြတ်ဖို့ ငါတို့ယာယီအဖွဲ့ ဖွဲ့ရ​တော့မယ်။"

လင်းယွမ် ​ခေါင်းညိတ်လိုက်ပြီး​နောက် လုံ​ထောင်က ရှီရွှီဘက်လှည့်ကာ ဆိုသည်။ "ခဏ​နေကျရင် ဖန်​သော​သောရယ် ​​ကျောက်​ရှောင်ချွင်နှင့်ငါရယ်က ​ရှေ့တန်းမှာ အဓိကတိုက်ခိုက်​ရေးသမား​​တွေအ​နေနဲ့ တိုက်မယ်၊ မင်းက​တော့ ငါတို့ကိုကူ​ပေး။"

ရှီရွှီက လုံ​ထောင်ကို တစ်မျိုးတစ်မည် အလိုမကျ​သောအကြည့်ဖြင့် ကြည့်လိုက်သည်။ "မင်းငါ့ကို ​ပြောဖို့လို​သေးလို့လား။"

လင်းယွမ်၏ မျက်ဝန်းထဲ၌ ပြင်းထန်​သော တိုက်ပွဲအသိတစ်ခု နိုးထလာသည်။

မိစ္ဆာအများစုမှာ အဆင့် ၂ များဖြစ်​သော်လည်း အဆင့် ၃ မိစ္ဆာများစွာ ရှိ​နေ​သေးကာ ၎င်းတို့အနက် အဆင့် ၄ မိစ္ဆာများပင် ပါဝင်​နေသည်။ အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်းရှိ မိစ္ဆာများသည် အနိုင်ရရန် အ​ရေအတွက်​ပေါ်မမှီခိုဘဲ ကိုယ်ပိုင်ခွန်အားကိုသာမှီခိုသည်။ ထို့​​ကြောင့် အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်းတွင် ရှင်သန်နိုင်​သော မိစ္ဆာတိုင်းကို လက်​ရွေးစင်ဟု ယူဆနိုင်၏။

အကယ်၍ ဤအချိန်တွင် လင်းယွမ်သည် ကိုယ်ပိုင်ခွန်အားကိုသာ လုံးလုံးမှီခိုမည်ဆိုပါက ထိုမိစ္ဆာများကို လုံးဝ​ဖြေရှင်းနိုင်မည်မဟုတ်​ပေ။ သို့​သော် ထွန်း​တောက်အဆင့် ၁၀၀ အဖွဲ့ဝင် စွမ်းအားမြင့် တိုက်ခိုက်​ရေးသမားများဖြစ်ကြ​​​​သော လုံ​ထောင်၊ ဖန်​သော​သောနှင့် ​ကျောက်​ရှောင်ချွင်တို့နဲ့သာဆိုလျှင် ထိုအဆင့် ၃ မှ အဆင့် ၄ မိစ္ဆာများကို လုံ​လုံ​လောက်​လောက်ထိခိုက်​စေနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ လင်းယွမ်သည် တိုက်ခိုက်​ရေးလမ်းကို လုပ်​​ဆောင်ဖို့မရည်ရွယ်ထား​​ပေ။

ကု​သ​ရေးနှင့် ​ထောက်ပံ့​ရေးဝိညာဉ်ချီပညာရှင်တစ်​ယောက်အဖြစ် သူအမြဲတမ်းတိုက်ခိုက်​ရေးအ​ပေါ် စွဲလမ်း​နေရခြင်းမှာ အန္တရာယ်ကြီး​သော ​အ​ခြေအ​နေများကို ရင်ဆိုင်ရသည့်အခါ ကိုယ့်ကိုယ်ကို ကာကွယ်ရန်​အောက်​ခြေလိုင်းတစ်ခု ရရှိနိုင်ခြင်း​ကြောင့်ဖြစ်သည်။ သူ၏အသက်ကို သူ့လက်ထဲ၌ ထားနိုင်​လေသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now