အခန်း ၂၅၇ - ဖန်တီးရှင်ဆရာသခင်အားလုံးကို ရူးသွပ်သွားစေနိုင်သည့်

358 46 0
                                    

အခန်း ၂၅၇ - ဖန်တီးရှင်ဆရာသခင်အားလုံးကို ရူးသွပ်သွားစေနိုင်သည့် ပန်းပွင့်ကျင်ခပ်ပုလဲများ

လင်းယွမ်သည် သစ်သားပစ္စည်းအများအပြားကို စုဆောင်းရန်လိုသေးသည်။ လင်းယွမ်က ဝိညာဉ်ချုပ်ခန်းနေရာကွက်လပ်တွင်းရှိ သစ်သားများ ကျောက်စိမ်းအနေအထားသို့ပြောင်းလဲသွားသည့်အခါ ပိုးတောင်မာပုံဝိညာဉ်သားရဲသိမ်းဆည်းထဲသို့ နေရာပြောင်းမည်ဖြစ်သည်။ ထို့နောက် ပလာတိန်းစင်များပေါ်သို့ သာမန်သစ်သားများကို ထပ်မံဖြည့်တင်းသွားမည်ဖြစ်သည်။ ထိုနည်းဖြင့် ဝိညာဉ်ချုပ်ခန်းနေရာကွက်လပ်ရှိ နေရာလပ်များကို မဖြုန်းတီးစေဘဲ အကျိုးရှိရှိ အသုံးချသွားနိုင်မည်ဖြစ်သည်။

ဝိညာဉ်ချီသိပ်သည်းနှုန်းမြင့်သည့် ပတ်ဝန်းကျင်အောက်တွင် အသွင်ပြောင်းနိုင်သော ဝိညာဉ်သားရဲများအတွက် လင်းယွမ်၌ အစီအစဥ်ရှိထားပြီးသားဖြစ်သည်။

ယခုတွင် လင်းယွမ်၏ အရှုံးမရှိစွာဝယ်ယူပါစတိုးသည် ငွေနှင့်လက်ရွေးစင်ဝိညာဉ်ဆီဖွန်ရွှေငါးများကိုသာ ရောင်းချလေသည်။ ဝယ်ယူသူများရွေးချယ်ခွင့်ပိုမိုရရှိစေရန် ကုန်ပစ္စည်းတစ်မျိုးကို ပေါင်းထည့်နိုင်သေးသည်။ အကယ်၍ သူ၏အရှုံးမရှိစွာဝယ်ယူပါစတိုးဆိုင်၌ သိပ်သည်းနှုန်းမြင့်သောဝိညာဉ်ချီဖြင့်အသွင်ပြောင်းသည့် ဝိညာဉ်သားရဲများပေါ်လာလျှင် လူတိုင်းသည် အလုအယက်ဝယ်ယူရန် နည်းလမ်းပေါင်းစုံသုံးလာမည်ဟု သူယုံကြည်သည်။

သို့သော် လင်းယွမ်သည် ထိုသို့သောဝိညာဉ်သားရဲများကို ထွန်းတောက်ဒေါ်လာဖြင့် ရောင်းရန်မစီစဥ်ထားပေ။ ထိုအစား ရှားပါးသက်ရှိပွဲကြည့်စင်တွင် ပေါ်လာရန်ခဲယဥ်းသော ဝိညာဉ်ပါဝင်ပစ္စည်းများနှင့် လဲလှယ်ရန်စီစဥ်ထားသည်။ ရွှေသတ္တု၊ နေနဲ့ညငွေဝိညာဉ်တို့လို ဝိညာဉ်ပါဝင်ပစ္စည်းများပင်။

ထိုသို့သော ဝိညာဉ်ပါဝင်ပစ္စည်းများကို ရှားပါးသက်ရှိပွဲကြည့်စင်တွင် ရောင်းချတတ်သော်လည်း ဝယ်ယူရန်တော့ ခက်ခဲလှသည်။ သို့မဟုတ်ပါက လင်းယွမ်သည် သူ၏စတိုး၌ မည်သည့်ကြေး/မော်ကွန်းတင်ဝိညာဉ်သားရဲဖြင့်မဆို လဲလှယ်နိုင်သည်ဟူသော ကမ်းလှမ်းချက်ကို တင်ထားခဲ့မည်မဟုတ်ပေ။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now