အခန်း ၂၆၁ - ထူးဆန်း​သောသက်လတ်ပိုင်း​အမျိုးသား

311 42 0
                                    

အခန်း ၂၆၁ - ထူးဆန်း​သောသက်လတ်ပိုင်း​အမျိုးသား

လင်းယွမ်က ​ရှောင်​ကျော၏ ​ခေါင်းကို ပွတ်သပ်ကာ မတ်တပ်ရပ်ရန်ပြင်လိုက်ချိန် အကြည့်တစ်ခုက သူ့ကိုစီစစ်​နေသလိုခံစားလိုက်ရသည်။ ယင်းမှ ဖြတ်သွားဖြတ်လာတစ်​ယောက်​ယောက်မှ အကြည့်မဟုတ်​ပေ။ ထိုအကြည့်မှာ လျှို့ဝှက်ပြီး စပ်စု​လေသည်။

လင်းယွမ် အကြည့်၏ဦးတည်ရာဘက်ကိုကြည့်လိုက်ရာ သူ့ကိုစစ်​ဆေး​နေ​သော သက်လတ်ပိုင်းအမျိုးသားတစ်​ယောက်ကို သတိပြုမိသွားသည်။ သက်လတ်ပိုင်းအမျိုးသားသည် နှိမ့်ချတတ်ပုံ​ပေါ်ပြီး တည်ရှိမှုအာရုံကင်းမဲ့လုနီးပါးဖြစ်သည်။

လင်းယွမ် ရုတ်ခြည်းလှည့်လာသည်ကို မြင်​သောအခါ ထိုသို့ကြည့်လာမည်ဟု သက်လတ်ပိုင်းအမျိုးသားက လုံးဝမ​မျှော်လင့်ထားသည်ဖြစ်ရာ ထိတ်လန့်သွား​တော့သည်။ သူ၏စပ်စု​နေ​သောပုံစံကို ကွယ်ဝှက်ဖို့ကြိုးစားကာ ဟက်ဟက်ပက်ပက်ရယ်ရင်း လမ်း​လျှောက်လာ​လေသည်။

"​ဟေး! လူငယ်​လေး၊ မင်းလည်း အနက်လိုဝတ်ထားတာမလား။ အဆင့် ၃ အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်းထဲကို ​​နေ့တိုင်းဝင်လာ​နေတဲ့ ​ငွေမျက်နှာဖုံးဝတ်လူအများကြီးရှိ​ပေမယ့် ​ရှောင်​ကျောက မင်းကိုအရင်းနှီးဆုံးနဲ့တူတယ်။"

မျက်နှာဖုံး​နောက်ရှိ လင်းယွမ်၏မျက်နှာမှာ ချက်ချင်းပင် မျက်​မှောင်ကြုတ်သွားသည်။ ဤအမျိုးသည် အလွန်သဘာဝကျ​သော အပြုအမူဖြင့်​ပြော​နေ​သော်လည်း လင်းယွမ်လှည့်လာချိန်က ရုတ်ခြည်း​ပြောင်းလဲသွား​သော သူ၏အမူအရာကို မြင်ခဲ့ရသည်။

လင်းယွမ်သာ ဉာဏ်ကြီးရှင်၏ကိရိယာအသွင်​ပြောင်းလဲခြင်း​ငွေမျက်နှာဖုံးကို မတပ်ထားခဲ့လျှင် ထိုအရိပ်အမြွက်ကို သတိထားခဲ့မိမည်မဟုတ်​ပေ။ ​ငွေမျက်နှာဖုံး​အောက်၌ လင်းယွမ်သည် ​ရှောင်​ကျောကို ကြည့်​နေ​သော်လည်း ပတ်ဝန်းကျင်နဲ့ပတ်သက်၍ သူ၏အာရုံများမှာ အလွန်စူးရှ၏။

လင်းယွမ်​ခေါင်း​နောက်ရှိ ကွယ်​နေ​သော​နေရာအပါအဝင် အနီးတဝိုက် ၄၀ မီတာအတွင်းသည် လင်းယွမ်အာရုံခံနိုင်စွမ်းရှိသည့် ပမာဏဖြစ်သည်။ ဉာဏ်ကြီးရှင်၏ကိရိယာအသွင်​ပြောင်းလဲခြင်းသည် အဆင့်မြင်ဝိညာဉ်ချီပညာရှင်များ၏ အ​သေးစိတ်စီစဥ်ထားသည့် လုပ်ကြံမှုများကို​​တော့ ​ဖောက်ထွင်းမြင်နိုင်ခြင်းမရှိ​ချေ။ သို့​သော် ထိုသက်လတ်ပိုင်းအမျိုးသား၏စစ်​ဆေး​သော မျက်လုံးများကို လင်းယွမ်အာရုံခံနိုင်​သေးသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now