အခန်း ၂၆၈ - ကာကွယ်​ရေး​​တောင်ပံ​လေးခု

290 35 0
                                    

အခန်း ၂၆၈ - ကာကွယ်​ရေး​​တောင်ပံ​လေးခု

ပလက်တီနမ်ဝိညာဉ်သားရဲများရှိသည့် ဝိညာဉ်ချီပညာရှင်များက​တော့ ဝင်နိုင်​​ပေလိမ့်မည်။ အမှန်​တော့ သူတို့သည်​ ​ရွှေအထွတ်အထိပ်ဝိညာဉ်သားရဲများရှိသည့် အဖွဲ့ဝင်နှစ်​ယောက်ကိုလည်း ​ခေါ်သွားနိုင်သည်။ သို့​သော် ပလက်တီနမ်ဝိညာဉ်သားရဲမရှိသည့် ဝိညာဉ်ချီပညာရှင်များ သို့မဟုတ် ပလက်တီနမ်ဝိညာဉ်သားရဲများပိုင်သည့် အဖွဲ့ဝင်များမရှိ​​သော ဝိညာဉ်ချီပညာရှင်များမှာ ​တောင်ကြားအပြင်၌သာ ကျန်​​နေ​ပေလိမ့်မည်။  တောင်ကြားထဲဝင်ရန် အရည်အ​သွေးပင် ပြည့်မီခြင်းမရှိ​​ပေ။

လင်းယွမ်၏​ရောက်ရှိလာမှုသည် ဤ​နေရာသို့ ​​လေ့ကျင့်ရန်​လာသည့် စွန့်စားသူများနှင့်​လူငယ်များ၏ အာရုံကိုဆွဲ​ဆောင်သွားသည်။

"လူလေး၊ ​ရှေ့ဆက်မသွားနဲ့​တော့၊ ဒီက​နေပဲကြည့်စမ်းပါ။ ဟိုနားမှာ သ​ရေစာ​တွေ​ရောင်းတဲ့လူ​ရှိတယ်၊ ​စျေး​​တော့နည်းနည်းများတာ​ပေါ့။"

လင်းယွမ်က ​ဘေးဘက်ကိုကြည့်လိုက်ရာ ဖက်တီး​တစ်​ယောက်က အရင်းအမြစ်တပုံတပင်ကို ပိုက်ထားကာ ​ဈေးလှည့်​ရောင်း​နေသည်ကို ​သတိထားမိသွားသည်။ ဖက်တီးနဲ့အသက်တူသည့် တခြားလူငယ်အနည်းငယ်လည်းရှိ​နေသည်။ သူတို့သည် လှည့်လည်​ရောင်းချ​နေကြကာ ဖက်တီး၏အရင်းအမြစ်များကို ကူ​ရောင်း​နေ၏။

​ဈေး​အော်​ရောင်းသံများက ​လေထုကိုအ​တော်​လေး သက်ဝင်လှုပ်ရှား​နေ​စေသည်။ မသိသည့်သူများက ဤ​နေရာ၌ ​ဖျော်​ဖြေပွဲတစ်ခုအတွက် စု​ဝေး​နေကြသည်ဟု ထင်သွား​ပေလိမ့်မည်။

ဤဖက်တီး၌ ​စျေးကွက်အမြင်ရှိသည်ဟု ​ပြောရမလား သို့မဟုတ် တုံးအကာမဆင်မခြင်လုပ်တတ်လွန်းသည်ဟု ဆိုရမလား လင်းယွမ် မသိ​တော့​ပေ။

လင်းယွမ်သည် စီး​ဆင်း​နေ​သောမီး​တောက်ပုံမီးဒြပ်စင်စွမ်းအင်များဖြင့် ပြုလုပ်ထား​​သော အကာအကွယ်တစ်ခုရှိသည့် ​တောင်ကြားအဝင်ဝသို့​ ​လျှောက်လာသည်။ သူဝင်ရန်ပြင်လိုက်ရုံရှိ​သေး၊ သက်လတ်ပိုင်းစွန့်စားသူတစ်​ယောက်က လင်းယွမ်ကိုပြန်​ဆွဲကာ ​ပြောသည်။ "မင်း​​သေချင်​နေတာလား။ ​စောနက ကိုယ့်စွမ်းအားအ​ပေါ် ယုံကြည်လွန်း​နေကြတဲ့ ​ကောင်​လေးတချို့က မီတာအနည်းငယ်​လောက်သွားပြီးတာနဲ့ မီးဒြပ်စင်စွမ်းအင်​ကြောင့် ​သေ​တဲ့အထိ​လောင်ကျွမ်းသွားကြတယ်။ စစချင်းမှာ ​တောင်ကြားကမီးဒြပ်စင်စွမ်းအင်က ​ငွေဝိညာဉ်သားရဲရဲ့ တိုက်ခိုက်မှုအ​ဆင့်​လောက်ပဲရှိ​ပေမယ့် အခု​တော့ ​ရွှေဝိညာဉ်သားရဲရဲ့ တိုက်ခိုက်မှုစွမ်းအင်​လောက်ရှိ​နေပြီ။"

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now