အခန်း ၂၇၆ - မိုးကြိုးပြာအကာအကွယ်

286 34 0
                                    

အခန်း ၂၇၆ - မိုးကြိုးပြာအကာအကွယ်

ချူချီသည်လည်း ကာကွယ်​ရေးဝိညာဉ်ချီပညာရှင်တစ်​ယောက်ဖြစ်​သော်ငြား မဆင်ခြင်တတ်​သော နှလုံးသားရှိသည်။ ရှီရွှီ​၏ဝိညာဉ်သားရဲများအားလုံးက​​တော့ မိုးကြိုးဒြပ်စင်များဖြစ်​သော်လည်း ​ရှေးဆန်​သောဝိညာဉ်ချီပညာရှင်များ​လျှောက်လှမ်းသည့် လမ်းကို​ရွေးချယ်ခဲ့သည်။

အဖွဲ့ထဲ၌ဆိုပါက ရှီရွှီကဲ့သို့ ကာကွယ်​ရေးဝိညာဉ်ချီပညာရှင်သည် ချူချီလိုမဆင်ခြင်တတ်​သော ကာကွယ်​ရေးဝိညာဉ်ချီပညာရှင်ထက်ပို၍ လူသိများ​လေသည်။

ရှီရွှီက​နေရာ၌ရပ်​နေပြီး ထိပ်ပြား​ကေ​လေး​အောက်နားက မက်မွန်ပွင့်မျက်ဝန်းများကို ကျဥ်း​မြောင်းလျက် ​ပြောသည်။ "​တွေ့ပြီလား။ အဲ့ဒါခွန်အားပဲ။ မင်းသိမ်းလိုက်တဲ့ မီး​တောက်နီ​တွေ ​လောင်ကျွမ်း​နေတဲ့အရာကို ငါ့လက်ထဲ လိမ်လိမ်မာမာနဲ့ အပ်လိုက်၊ ငါမင်းကိုလွှတ်​ပေးမယ်။"

မျက်နှာဖုံး​နောက်က လင်းယွမ်၏မျက်ဝန်းများလည်း ကျဥ်း​မြောင်းသွားကာ ပြန်​ပြောသည်။ "ငါမ​ပေးရင်​ရော?"

ရှီရွှီက လက်ကိုဆန့်ကာ ​ခေါင်းကိုကုတ်၏။

"မင်းဝတ်စားပုံကိုကြည့်ရရင် အနက်ကို တုပထားပုံပဲ၊ ဟုတ်တယ်မလား။ အနက်ကို စံပြပုဂ္ဂိုလ်လိုသတ်မှတ်တဲ့သူက လူဆိုး​တော့မဖြစ်​လောက်ဘူး၊ ဆို​တော့ ငါမင်းကိုသက်ညှာ​ပေးနိုင်ပါတယ်​​လေ။"

မျက်နှာဖုံး​နောက်က လင်းယွမ်၏မျက်ခုံးများ မြင့်သွားရပြီး သူပြန်​ဖြေလိုက်သည်။ "ငါ့လက်လွှဲ​ပေး မ​ပေးဆိုတာက မင်းစွမ်းရည်​ပေါ်မူတည်တယ်။"

လင်းယွမ်သည် ခန္ဓါကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များကို ​ခြေ​ထောက်မှတဆင့် ​အောက်ဘက်က​မြေကြီးထဲပို့လွှတ်လိုက်သည်။ သူ့​ခြေ​ဖျားအောက်က ရပ်တန့်​နေခဲ့​သော သဲရှင်သည် ရုတ်ခြည်းတဖန် လှုပ်ရှားထကြွလာ​လေသည်။ ​​အကန့်အသတ်မှာ တောင်ကြားတဝိုက်ရှိ ကီလိုမီတာအနည်းငယ်မျှသာ မဟုတ်​တော့​ပေ။

ထို့အပြင်လင်းယွမ်သည် အရင်းအမြစ်သဲ တစ်လကြာစုစည်းထားခဲ့​သော သဲမှုန်များကို ​မွှေ​နှောက်လိုက်ခြင်းဖြစ်သည်။ သဲမှုန်များသည် သဲပင်လယ်ကိုဖြတ်၍ ဝင်လာချင်​သော စွန့်စားသူများကို အစွန်ဘက်သို့ တဖန်​ရောက်ရှိသွား​စေသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now