အခန်း ၂၃၉ - နေ့နှင့်ညငွေဝိညာဉ်

350 35 0
                                    

အခန်း ၂၃၉ - နေ့နှင့်ညငွေဝိညာဉ်

လင်းယွမ်သည်အရင်းအမြစ်သဲ၏သတ္တုဝါးမျိုသရုပ်သကန်ပထမပုံစံအတွက် ချိန်းဓါးသွားကိုရွေးချယ်ပြီးသွားပြီဖြစ်ပြီး တိုက်ခိုက်ရေး၊ ကာကွယ်ရေးနှင့် ထိန်းချုပ်မှုတို့တွင် အားသာသည်။

သို့သော် ဒုတိယပုံစံပြောင်းလဲမှုအတွက် သူ့၏ကိုယ့်ကိုယ်ကိုကာကွယ်မှုစွမ်းရည်များကို တိုးမြှင့်ရန် ရွေးချယ်ထားသည်။

ကိုယ့်ကိုယ်ကိုကာကွယ်မှုကို တိုးမြှင့်ရန်အတွက် နည်းလမ်းနှစ်မျိုးသာရှိသည်။ ပထမနည်းလမ်းမှာ တိုက်ခိုက်မှုများကို ခုခံသည့်စွမ်းရည်ကို တိုးမြှင့်ခြင်းဖြစ်သည်၊ ကျန်တစ်ခုမှာ အရှိန်နှင့်ရှောင်တိမ်းမှုစွမ်းရည်များကို တိုးမြှင့်ခြင်းဖြစ်သည်။

မည်သည့်တစ်မျိုးပင်ဖြစ်စေ၊ ကာကွယ်ရေးအတွက် ထူးကဲသောရေးချယ်မှုများဖြစ်ကြသည်။

လင်းယွမ်သည် စိတ်နှလုံးရင့်ကျက်သော လူတစ်ယောက်ဖြစ်ရာ သူအားလုံးကိုအလိုရှိသည်။

ယခင်ကအရင်းအမြစ်သဲသည် ကြေး ၁၀/ဆန်းပြား ၁ အရင်းအမြစ်အမျိုးအစားသာဖြစ်သည်။ သို့ဖြစ်ရာ လင်းယွမ်သည် ချိန်းဓါးသွားနှင့်အတူ ပစ်မှတ်ကိုတိုက်ခိုက်နိုင်သော သန်မာထက်မြသော သတ္တုဝိသေသများရှိသည့် ဖယ်ရိုမန်းဂနိကိုရွေးချယ်ခဲ့သည်။

အရင်းအမြစ်သဲသည် ရွှေဆန်းပြားမျိုးသန့်ဖြစ်လာသော်လည်း လင်းယွမ်သည် ဖယ်ရိုမန်းဂနိကို အစားထိုးဖို့မတွေးဖူးပေ။ သတ္တုအဆင့်နိမ့်လေလေ သတ္တုများများပို၍ ဝါးမျိုနိုင်လေဖြစ်သည်။

ထို့ကြောင့် လင်းယွမ်သည် အရင်းအမြစ်သဲကို ဖယ်ရိုမန်းဂနိပမာဏအမြောက်အမြားကို ဝါးမျိုစေလိုက်သည်။

ကျန်သတ္တုရွေးချယ်မှုအား ရွှေသတ္တုကို ရွေးချယ်ရန်စီစဥ်ထားသည်။ ဤကမ္ဘာရှိသတ္တုများအားလုံးကို အလေးချိန်ပေါ်မူတည်၍ စျေးနှုန်းသတ်မှတ်လေ့ရှိသည်။ သို့သော် တသီးတခြားဖြစ်နေသော သတ္တုတစ်မျိုးလည်းရှိသည် - နေ့နဲ့ညငွေဝိညာဉ်ပင်။

နေ့နဲ့ညငွေဝိညာဉ်သည် အလေးချိန်မရှိသလောက်နီးပါးဖြစ်ကာ တန်ဖိုးကို ထုထည်အပေါ်မူတည်၍တွက်ချက်သည်။ ၎င်းသည် အလွန်တရာမဲနက်သော သတ္တုဖြစ်သည်။ ထိုသို့အလွန်တရာမဲနက်နေပုံသည် လူတစ်ယောက်အား နေ့နဲ့ညငွေဝိညာဉ်သည် ပတ်ဝန်းကျင်ရှိ အလင်းရောင်အားလုံးကို စုပ်ယူသွားတော့မည်ဟု ခံစားရစေသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now