အခန်း ၂၉၃ - အဖွဲ့ဝင်များ ​ရွေးချယ်​ရေး

297 35 0
                                    

အခန်း ၂၉၃ - အဖွဲ့ဝင်များ ​ရွေးချယ်​ရေး

ကြွယ်ဝမှုအဆင့်အတန်းကို ကိုယ်စားပြုသည့် ဇိမ်ခံပစ္စည်းတစ်မျိုးဖြစ်သော ကျောက်စိမ်းသစ်သားသည် အမှန်တကယ်အရေးပါသည်ထက် သင်္ကေတတစ်မျိုးသက်သက်သာဖြစ်​​​သော အခိုက်အတန့်များလည်းရှိလေသည်။

အမျိုးအစားတိုင်းသည် စျေးကွက်တွင် အလွန်ရေပန်းစားသော်လည်း၊ ကြည့်ရှုသူ၏မျက်စိအ​ပေါ်လိုက်၍ ကျောက်စိမ်းသစ်သားအမျိုးအစားတစ်ခုစီ၏ အလှတရား​များအရ စျေးနှုန်းများ အလွန်ကွာခြားသွားတတ်သည်။

သို့သော် ရှားပါး​​​​သော သာမန်သစ်သားမှ ကျောက်စိမ်းသစ်သားဖြစ်လာမည်ဆိုလျှင် လွှမ်းမိုး​​သောမိသားစုများ၏ အလုအယက်ဝယ်ယူခြင်းကို ပိုမိုခံရမည်ဖြစ်သည်။

​ကောင်းဖုန်းက ဥပမာပင်ဖြစ်သည်။ လင်းယွမ်၏အိမ်​တော်တွင် သူမြင်ဖူးသည့် အကောင်းဆုံးသစ်သားမှာ ကျောက်စိမ်းစန္ဒကူးနီနှင့် အက်ဂါဝဒ်တို့ဖြစ်သည်။

ပိုမိုကြွပ်ဆတ်​သော အက်ဂါဝဒ်နှင့် နှိုင်းယှဉ်ပါက  ကျောက်စိမ်းစန္ဒကူးနီသည် အလှဆင်ရန်နှင့် ပရိဘောဂများ ပြုလုပ်ရန် အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်သည်။

လင်းယွမ် ပြန်​ဖြေလိုက်သည်။ "ငါ့မှာ ကျောက်စိမ်းစန္ဒကူးနီသား​တွေ တစ်ခုမှ မရှိ​တော့ဘူး၊ ဒါပေမယ့် ရှိနေ​သေးတဲ့ သစ်သားကလည်း အဲဒါထက်​တော့ မဆိုးပါဘူး။"

ဝိညာဉ်ချုပ်ခန်း​နေရာကွက်လပ်၌ အရင်းအမြစ်များကို အမြင့်ဆုံးစု​ဆောင်းနိုင်ရန်အတွက် သူသ​ဘောကျသည့် အက်ဂါဝဒ်အပြင် ရှားပါးသစ်သားငါးမျိုးကိုလည်း ရွေးချယ်ထားခဲ့သည်။ ၎င်းတို့သည် ကြွယ်ဝသူများ၏ရှာ​ဖွေနှုန်းအမြင့်ဆုံးနှင့် စျေးအကြီးဆုံးဖြစ်ကြသည်။

လင်းယွမ်စကားကို ​ကောင်းဖုန်း ကြားသည်နှင့် ချက်ချင်းပင် စိတ်ဝင်စားလာသည်။ လင်းယွမ်က အနှီကျောက်စိမ်း ရှားပါးသစ်သားငါးမျိုးသည် စန္ဒကူးနီထက် ပိုဆိုးမည်မဟုတ်ဟု ပြောသည့်အတွက် ထိုသို့ပင်ဖြစ်​ပေလိမ့်မည်။

သို့ရာတွင် စန္ဒကူးနီထက် မဆိုး​သော ရှားပါးသစ်သား ၁၅ မျိုးထက်မနည်းရှိ​လေသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Wo Geschichten leben. Entdecke jetzt