အခန်း ၂၁၃ - မိခင်​သွေးချိုးကန်၏​​​တောင်းဆိုမှု

336 43 0
                                    

အခန်း ၂၁၃ - မိခင်​သွေးချိုးကန်၏​​​တောင်းဆိုမှု

လင်းယွမ်သည် ပယင်း​ရောင်ကြယ်သီးနှင့်တူ​​သောအရင်းအမြစ်အမျိုးအစားပစ္စည်းကို စစ်မှန်​သောအချက်အလက်နှင့် စစ်​ဆေးကြည့်လိုက်​သောအခါ မည်သို့ပင်ဖြစ်​စေ ဤ​လေလံအား သူနိုင်ရမည်ဟု ဆုံးဖြတ်လိုက်​​​တော့သည်။ ယင်းမှာ သူ​​တောင့်တ​နေ​ရ​​သော အရင်းအမြစ်အမျိုးအစားပစ္စည်းပင်ဖြစ်​ချေသည်။

အကယ်၍သင့်​လျော်စွာ ပျိုး​​ထောင်မည်ဆိုလျှင် သူ့ကိုကာကွယ်​ပေးနိုင်ရုံသာမက ထိန်းချုပ်ခြင်းနှင့်တိုက်ခိုက်ခြင်းများ၌ပါ အသုံးပြုနိုင်သည်။ သို့​သော် ၎င်း၏စာချုပ်ချုပ်ဆိုခြင်းအ​ခြေအ​နေများမှာ အလွန်ကြမ်းတမ်းသည်​ကြောင့် လူတိုင်းအား​နောက်တွန့်သွား​​စေနိုင်သည်အထိပင်။

  ဖန်တီးရှင်ဆရာသခင်တစ်​ယောက်သည် ​လေလံတင်ပြီး​​သော အရင်းအမြစ်အမျိုးအစားပစ္စည်းများကို ​နေရာမှာတင် ဆန်းစစ်မည်ဖြစ်သည်၊ ထိုမှသာ ၎င်းသည်စာချုပ်ချုပ်ရန် မည်သည့်အ​ခြေအ​​နေများလိုအပ်​ကြောင်းကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

အဆင့်မြင့်ဖန်တီးရှင်ဆရာသခင်များပင်လျှင် အရင်းအမြစ်အမျိုးအစားသက်ရှိ၏ အထူးပြုကဏ္ဍနှင့်စွမ်းရည်ကို တိတိကျကျဆုံးဖြတ်နိုင်ခြင်းမရှိ​ပေ၊ ထိုသို့​သော သက်ရှိများသည် တကယ့်ကို ထူးဆန်းလွန်း​နေတတ်ပြီး အများစုမှာ အ​တော်​လေးတမူထူးတတ်ကြသည်။

လူထုသည် အရင်းအမြစ်အမျိုးအစားသက်ရှိများ၏ စွမ်းရည်အ​ကြောင်းကို ထွန်း​တောက်​သောဖက်ဒ​ရေးရှင်း  လက်​တွေ့စမ်းသပ်ချက်များနှင့်  ​ကြော်ငြာချက်များတွင် ​တွေ့နိုင်​​သော်လည်း စာချုပ်ချုပ်သူသည် တခြား​သောအရင်းအမြစ်အမျိုးအစားသက်ရှိများ၏ ခွန်အားနှင့် အသုံးပြုပုံကိုရှာ​ဖွေရန်လိုအပ်သည်။

အရင်းအမြစ်အမျိုးအစားသက်ရှိများကို ​စျေးကွက်တွင် အလုအယက်ဝယ်ယူတတ်ကြခြင်း၏ အ​ကြောင်းအရင်းအစစ်အမှန်မှာ ဝိညာဉ်ချီပညာရှင်​၏ပါရမီသည် ၎င်းတို့ကိုမသက်​ရောက်​​​သော​ကြောင့်ပင်။ အရင်းအမြစ်အမျိုးအစားသက်ရှိများကို အမျိုးမျိုးခွဲခြားထားခြင်းမရှိ​သော​ကြောင့် သူတို့၏စာချုပ်ချုပ်နိုင်​​​သော အ​ခြေအ​နေကိုပြည့်မီသည်နှင့် စာချုပ်ချုပ်နိုင်​လေသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now