Chapter 61(full chapter)

4.2K 841 167
                                    

Hey ..I'm back
Haven't seen for ages..guys

ကျုံးရှန်ပြည်(8)

နောက်မနက် ကျန်းချိုးအိပ်နေဆဲတွင် ဘေးအခန်းမှအလောတကြီးတံခါးခေါက်သံများကြားလိုက်ရ၏။ ဘေးက ရှောင်းကျန်းလေးကလည်း အခုမှနိုးလာသလိုမျိုး ခြေထပ်ထိုင်လျက် ကြက်လည်ဆံလို ခေါင်းထောင်လျက်နားစွင့်နေသည်။ ကျန်းချိုးသူ့သားလက်မောင်းနုနုကိုဆွဲရင်း

"ပြန်အိပ်ဦး အဖေသွားကြည့်လိုက်မယ်"

"ကျတော်လည်းသွားမယ်"

ရှောင်းကျန်းအိပ်ချင်မူးတူးပြန်ပြောလာသဖြင့် ကျန်းချိုးဒီကလေးစပ်စုချင်လွန်းတယ်လို့တွေးလိုက်မိသော်လည်းသူ့သား၏ နောက်ဆက်တွဲစကား"ဖေဖေကိုကာကွယ်ချင်တယ်" ကြောင့် သူက သားစိတ်ထဲအလွန်များအားနည်းသူဖြစ်နေလားအတွေးဖြင့် မျက်နှာပြစရာမရှိတော့။

"သားရာ ဘေးအခန်းက အာပေါ်ပေါ်အခန်းပါ သူတို့အဆင်ပြေမှာပါကွာ"

ထိုစကားပြောမှ သူ့သားက အိပ်ရာပေါ်ဆက်ခနဲပြန်ပစ်လှဲရင်းအိပ်သွားတော့သည်။ ကျန်းချိုးစိတ်ရှုပ်ရှုပ်ဖြင့်ထလိုက်မိသည်။ သူ့သားကအရမ်းတော်များသွားပြီး သူကများအဖေခေါ်ဖို့မထိုက်တန်လောက်အောင်ဖြစ်နေပြီလား?

သူတံခါးဖွင့်ကြည့်လိုက်တော့ ကော်ရစ်တာပေါ်က သက်တော်စောင့်ငါးယောက်လောက်က စုတ်ပျက်သပ်နေသည့်အ၀တ်များဖြင့် အကို၂အခန်းရှေ့ခခယယရပ်နေကြရင်း ငိုယိုတောင်းပန်နေကြသည်။

".....ဆရာကျန်း ကျတော်တို့မှားပါတယ်ဗျာ ကျေးဇူးပြုပြီးကူညီပါ"

"ဆရာကျန်း ကျတော်လည်း တာအိုအဆောင်၀ယ်ချင်ပါတယ်"

"ကျတော်လည်းလိုချင်တယ် ကျတော်ရောပဲ ဘယ်လောက်စျေးကြီးကြီး၀ယ်ပါ့မယ်ဗျာ"

သူ့အကို၂မျက်နှာကတော့ ခပ်တင်းတင်းဖြင့် မသိ သူ့XxXအချိန်ခါလေးကိုအနှောင့်ယှက်ခံလိုက်ရသည့်အသံဆိုးဖြင့်

"လျော့စျေးမရှိတော့ဘူး တစ်ရွက်၁၈၀၀၀ပဲ"

"ကျတော်၀ယ်မယ်"

"ကျတော်ကနှစ်ခု"

"ကျတော်က၃ခု"

ကျန်းချိုး မေးစေ့ပွတ်ရင်း ဦးစံရှားလုပ်နေလိုက်သည်။ ချီကျိရုန်ကအတော်ချမ်းသာပုံပင်။ သူ့သက်တော်စောင့်တွေကလည်း ဒီပိုက်စံ၁၈၀၀၀ကို ရေလိုသုံးနေနိုင်၏။ သူ့အကို၂၏ မျက်နှာတည်တည်ကိုကြည့်ပြီး တစ်ချို့တစ်ချို့တွေများ ပိုက်စံထည့်ပေးချင်လွန်းလို့ အကို၂အခန်းရှေ့အသနားခံနေကြ၏။ အင်း...ဒီစီးပွားရေးကတွက်ခြေတော့အကိုက်သား။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now