Chapter 69(full chapter)

3.6K 701 50
                                    

ပိုးလမ်း(3)

ရှောင်းလင့်ရဲ့တာအိုစာရွက်လောင်ကျွမ်းသွားသဖြင့် ယုရွှေ ကလေးသရဲကို ရှောင်းကျန်းခြူးထဲထည့်ပိတ်ရင်း နောက်ထပ်စာရွက်နှင့်ကြိုးနီကိုထုတ်ကာ စာရွက်အောက်ခြေတွင် ကြိုးကိုချည်ရင်း တစ်ဖက်ကိုလက်သန်းနှင့်တွဲလိုက်သည်နှင့်တစ်ပြိုင်နက် ထိုစာရွက်မှာ ကြိုးနီနားအထိ မီးထတောက်တော့သည်။

"အောက်ဆင်းပြီး Taxiသွားခေါ်ထား"

လီစူး ရှောင်းကျန်းကိုဆွဲကာ အောက်ထပ်ဆင်းသွားရင်း ကျန်းချိုးနောက်ကခပ်သွပ်သွပ်လိုက်ကာ taxiတားလိုက်၏။ ယုရွှေ driverဘေးတွင်ထိုင်ရင်း  သူ့လက်သန်းဖြင့် ညွှန်လိုက်၏။

"တည့်တည့်သွား"

Driverမှာတော့ ဒီလူကြီးသုံးယောက်နှင့် ကလေးတစ်ယောက်ကိုမြင်ရတာအထူးအဆန်းဖြစ်နေ၏။

ရှောင်းကျန်းမှာ နောက်မှန်ကနေချောင်းကြည့်နေသည့် ကားဆရာကြောင့်စိတ်ထဲမရွှင်မပြဖြစ်ရင်း သွားစွယ်ထုတ်မာန်ဖီပြနေတော့၏။ ကျန်းချိုးသူ့ခေါင်းကိုညင်ညင်သာသာပုတ်ပေးသဖြင့် ရှောင်းကျန်း နာခံစွာ ဖေဖေခေါ်ရင်းငြိမ်သွားတော့သည်။ ထိုဖေဖေဆိုသည့်စကားကြားမှ ကားဆရာလည်း အကြည့်ရပ်လိုက်တော့သည်။ သို့သော် ဒီကောင်လေးကိုအဖေခေါ်ဖို့က အသက်အရမ်းငယ်လွန်းနေသည်မဟုတ်ဘူးလား??

ရှောင်းကျန်း ခြေချိတ်ရင်း ကျန်းချိုးအင်္ကျီစကိုဆွဲကာ

"ဖေဖေ ကျတော် ဇာတ်ကားမကြည့်ပြီးသေးဘူး ပြီးတော့ ဖေကြီးကြောင့် ကျတော့် မုန့်တွေမစားလိုက်ရဘူး"

"ဒီကိစ္စပြီးရင် ဖေကြီးပြန်အစားထိုးပေးပါ့မယ် ဟုတ်ပြီလား?"

ဘေးကလီစူးက ချက်ချင်းပေါ့ပေါ့ပါးပါး၀င်ပြောလာ၏။ 

ရှောင်းကျန်းအခုထိမသွားချင်သေးပဲ ကလေးဆိုးတစ်ယောက်လိုချွဲချင်နေတုန်းပင်။ မနက်စောစော ကုတင်ကိစ္စက ကျေနပ်စရာတစ်ကွက်မှမရှိသေး။ သို့သော် သူ့ဖေဖေကြီးက ချော့နေတော့လည်း ဒီတစ်ခါတော့ခွင့်လွှတ်သင့်ပါပေတယ်။

Driverမှာတော့ သူတို့စကားကြားပြီး ထိုသုံးယောက်ကိုဘယ်လိုအမျိုးစပ်ရမလဲမသိ မသောက်ပဲမူးသွားရှာလေတော့သည်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now