Chapter 54(full chapter)

4.5K 883 48
                                    

အရမ်းရှည်တဲ့အပိုင်းမလို့ စာလုံးပေါင်းအမှားများစွာပါ၀င်နိုင်ပါတယ်..အဓိပ္ပါယ်အလွဲတွေထောက်နိုင်သလို နားမလည်လဲမေးနိုင်ပါတယ်...
Beginning of Volume 2

ကျုံးရှန်တိုင်းပြည်(1)

အသံက အလွန်ရင်းနှီးနေသည့်အသံမျိုး။

"ဒါ ပိုင်ကွမ်လား?"

ကျန်းချိုးအမေးကို လီစူးခေါင်းငြိမ့်ပြလာ၏။

"ပိုင်ကွမ်ရဲ့အသံ"

ပိုင်ကွမ်ကိုယ်တိုင်ဟုတ်မဟုတ်မသိသေးသော်လည်း လီစူးစကားအရတော့ ထိုပိုင်ကွမ် တစ်ခြားလူထိန်းချုပ်တာခံလိုက်ရပြီးဖြစ်လောက်ကြောင်း  ကျန်းချိုးအ​ေ၀းကြီးကြိုတွေးလိုက်မိ၏။ အားရှောင်နှင့် ချီရှီတောင် ပိုင်ကွမ်၏ ပြိုင်ဖက်မဟုတ်တော့။

လီစူး အရှေ့လှမ်းနေသည့် ကျန်းချိုးကိုရပ်စေလိုက်ချိန် ပိုင်ကွမ် ချီရှီနောက်ကတဖြေးဖြေးထွက်လာပြီး ဘေးက စုကျီချိုင်နှင့်စုယုတို့ကပါ ဘေးတိုင်လုံးနောက်က ထွက်လာ၏။ စုကျီချိုင်၏ ခြောက်သွေ့သွေ့လက်က လင်းတန်လည်ပင်းဆီ၌ ။ ပိုင်ကွမ်ကို မျက်စိစိုင်မကြည့်ရဲပဲတရိုတသေဖြစ်နေကြ၏။

"လီစူး မင်းခြေတစ်လှမ်းမှမရွေ့ဖို့အကြံပေးချင်တယ်"

ပိုင်ကွမ်ရယ်ချလိုက်ရင်းမှ ထပ်ပြီး

"ငါမင်းကိုအရင်ကလည်းသတ်နိုင်ခဲ့တယ် ဟော အခုကော လုပ်နိုင်နေတုန်းပဲ"

ပိုင်ကွမ်မှာ ကျန်းချိုးစိတ်ထင်ထားသလိုပင် သူ့ပင်ကိုယ်ဟန်အားလုံးပျောက်ဆုံးနေပြီး သူဘယ်ကတည်းကပြောင်းသွားမှန်းမသိတော့။

ဖြစ်ခဲ့သည်ကိုပြန်တွေးလျှင် သဲမုန်တိုင်းကြား ပိုင်ကွမ်မေ့သွားသည်က အစပြုလောက်၏။ သူပြန်နိုးလာကတည်းကဘာစကားမှပြောတော့သည်မဟုတ်။ ကျန်းချိုး သူတို့နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေစဥ် ထိုပိုင်ကွမ်သူတို့ကိုစိုက်ကြည့်နေမည့်မြွေလိုစူးစူးရှရှအကြည့်ကြောင်းမြင်ယောင်လိုက်လျှင်ပင် ကျောချမ်းသွား၏။ ဒါဆို အလောင်း၆ကောင်ကလည်း သူတို့တကွဲတပြားဖြစ်ဖို့စီစဥ်ခဲ့သည်ပဲ။ ပြီးတော့ အားရှောင်နဲ့ ချီရှီကိုအရင်မျှားခေါ်ပြီးမှ သူတို့ကို၀င်စေခဲ့သည်။ ပိုင်ကွမ်သူတို့အားလုံးကိုတစ်ခါတည်းမရှင်းပဲ လူကွဲစေတာက သူလည်း ကြောက်နေတာဖြစ်နိုင်သည်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now