Chapter 52(full chaper)

4.9K 832 19
                                    


...အပေါက်တစ်ပေါက်.....

မုန်တိုင်းအရှိန်က ကျန်းချိုးတို့ထင်ထားသည်ထက်အတော့်ကိုမြန်ဆန်လွန်းလှသဖြင့် အခုမှရောက်လာသည့်ယာဥ်ထဲကလူများ အရှေ့ဆက်လျှောက်လို့မရတော့။ ထိုခြောက်ဦး ပြင်းထန်လွန်းလှသည့်လေဆင်နှာ​မောင်းကြား လွင့်မထွက်သွားအောင် သူတို့ဘေးကအားကိုးရာကားကိုသာ အသေအကြေဆွဲထားသော်လည်း ကံမကောင်းစွာနှင့်ပင် ထိုကားကိုယ်ထည်ကပါတဖြေးဖြေးလှုပ်ယမ်းလာ၏။

လေနှင့်အတူပါလာသည့်သဲများကခေါင်းကိုလာရိုက်သည်မှာအလွန်နာကျင်စေပြီး တကယ်လို့ခန္တာကိုယ်သာသဲတွင်းထဲမမြှုပ်ထားလျင် ကျန်းချိုးတို့လည်းအသာလေးပါသွားလောက်၏။ ကျန်းချိုးခေါင်းငုံ့ထားလျက်နှင့်ပင် အားလုံးအဆင်ပြေပြေဖြတ်ကျော်နိုင်ဖို့သာ ဆုတောင်းနေမိတော့၏။

အချိန်အတော်ကြာမှ လေတိုးသံတို့တဖြေးဖြေးငြိမ်သွား၏။ လီစူး ကျန်းချိုးကိုသဲထဲကထုတ်ပေးချိန်တွင် ကျန်းချိုး ရှောင်းကျန်းလေးကိုဖက်ထားရက်နှင့်ပင် ခေါင်းကမူး​ေ၀​ေ၀ဖြစ်နေဆဲ။ အရှေ့နံရံပျက်တွေကြားမှ ဟိုးအ​ေ၀းက ​ေယာဥ်နှစ်စီးလုံးအဝေးကြီးဆီလွင့်ထွက်သွားပြီး ယာဥ်ကိုယ်ထည်တို့ကသဲတို့ဖြင့်အပြည့်ဖုံးသွား၏။။ သူတို့ဘေးက နောက်မှရောက်၍ ကျဥ်းထဲမ၀င်အားလိုက်သည့်ဒါရိုက်တာတို့တစ်ဖွဲ့ကတော့ တုန်ရီလျက်အခုချက်ချင်းသာနောက်ကြောင်းပြန်လှည့်ချင်နေတော့၏။  ခန်းပါ သူတို့ကိုအကြိမ်ကြိမ်ခေါ်နေသော်လည်းပြန်မတုံ့ပြန်သဖြင့် ခန်းပါမြန်မြန်ပင်သဲများကြားက ထိုသူတို့ကိုတစ်ယောက်ပြီးတစ်ယောက်ဆွဲထုတ်လိုက်၏။ မိန်းကလေးနှစ်ယောက်မှာ မျက်နှာနှင့်နှုတ်ခမ်းတို့ဖြူဆုတ်နေပြီး ရေဓာတ်ပါခမ်းခြောက်နေပုံပင်။ ဒါရိုက်တာကတော့ တုန်တုန်ရီရီဖြင့် ခန်းပါကိုစကားပြောနေချိန်တွင် အသံတို့ကဖျော့ဖျော့တော့တော့။ ပိုင်ဂွမ်ဂန်ကတော့မေ့ပင်မော့မျောနေပေပြီ။

ခန်းပါ သူ့ညီကို ထိုမိန်းကလေးနှစ်ယောက်အားသကြားရေတိုက်စေပြီ အနားယူစေ၏။ သူကိုယ်တိုင်က အပြင်ကအခြေအနေကိုသွားကြည့်ရန်ထွက်လာပြီး ကျန်းချိုးတို့တစ်စုပါလိုက်လာ၏။ အပြင်မှာ ယာဥ်က ဘယ်နှစ်ပတ်လိမ့်သွားခဲ့သည်မသိသော်ငြား ခပ်ဝေးဝေးကသဲတို့ကြား နစ်မြှုပ်လျက်။ နောက်ဆုံးယာဥ်နှင့် လူခြောက်ယောက်မှာပျောက်ဆုံးလျက်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Όπου ζουν οι ιστορίες. Ανακάλυψε τώρα