Chapter 9(full chapter)

14.2K 1.9K 152
                                    

ဖီးရှန်ဟွေးဝမ်ဂူ(7)

ထူးဆန်းလှတဲ့ အ​ရေပြားကြီး​ပေါ်တင်​ထား​သောလက်​တို့ကို သူမ​ရွေ့မိသကဲ့သို့ ထိုအ​ရေပြားကြီးကလည်း တုတ်​တုတ်​ပင်​မလှုပ်​။
***အ​သေ​ကောင်​ကြီး???***

ကျန်းချိုး အသက်​ဖွဖွ​လေးစရှူလိုက်​ပြီး ထိုအ​ရေပြား​ပေါ်ကလက်​​လေးကို ​ရွေ့လိုက်​မိ၏။ ***ဒီ​အေးစက်​စက်​ မာ​ကြော​ကြောက လက်​ကြီးဟ***

ကျန်းချိုး ဂုတ်​​မွှေးတို့​မိုး​ပေါ်​ထောင်​တက်​ကုန်​​လေပြီ။ ဟိုဘက်​ကတုတ်​တုတ်​မလှုပ်​သလို သူသည်​မှာလည်း မိနစ်​အနည်းငယ်​​လောက်​တုတ်​တုတ်​မလှုပ်​ရဲ။ ထို့​နောက်​တွင်​ မျက်​လုံးတို့ အ​မှောင်​ထဲအနည်းငယ်​အသားကျလာသည်​ထင့်​။ ထိုသတ္တုအ​ရေပြား၏ အလင်း​ရောင်​ကိုပင်​မြင်​ရသ​ယောင်​ပင်​။ ကျန်းချိုး သူ့၏တစ်​ခြားလက်​အား ​ဂေါ်ပြား​ပေါ်​ရွှေ့လိုက်​သကဲ့သို့ ကိုယ်​ကိုလည်း ကျသွား​သောဓာတ်​မီးနားထိလှိမ့်​ချလိုက်​ပြီး မီးခလုတ်​နှိပ်​ ဟိုတစ်​ဖက်​ကိုမီးထိုးစသည့်​ actionကြီးများအား တစ်​ပြိုင်​နက်​တည်းလုပ်​လိုက်​ပုံမှာ စွန့်​စားခန်းကြီးတစ်​ခုကို အသက်​စွန့်​လုပ်​လိုက်​ရသလို။

မျက်နှာအသားအ​ရေက ဘလာနတ္တိ၊ မျက်​​လုံး​ဟောက်​ပက်​ကြီးက လှုပ်​ရှားမှုကင်းစွာ သူ့အား အ​သေလိုက်​ကြီးစိုက်​ကြည့်​​နေသည်​ကို မြင်​လိုက်​ပါ​သော ကျန်းချိုး ဘားမှမစဉ်းစား​တော့။ လီစူးလုပ်​သလို လက်​ထဲက​ဂေါ်ပြားဖြင့်​ ထိုအရာကြီး၏ မျက်​ခုံးနှစ်​ခုအလယ်​ထဲ မီးကုန်​ရမ်းကုန်​ ထိုးချလိုက်​​လေသည်​။ မည်​သူထင်​ထားပါအံ့။ ​လေစိမ်းကြီးရုတ်​တရက်​တိုက်​လာပြီး ​ဂေါ်ပြားကို လမ်းလွဲသွား​စေလိမ့်​မည်​ဟု။

"ရှူး"

မျက်​ခုံးတစ်​ဖက်​​ပေါ်ရှပ်​ထိ​သွား​သော ​ဂေါ်ပြားစာ​ကြောင့်​ ထိုဖုတ်​​ကောင်​ရှူးရှူးရှားရှားဖြစ်​သွားပြီး သူ့ဖက်​ကိုခုန်​လာ​လေသည်​။ ကျန်းချိုး ကမန်းကတန်း​နောက်​ဆုတ်​လိုက်​​သော်​လည်း သူ့မျက်​စိ​ရှေ့ ချွန်​ထက်​လှ​သော မွဲ​ခြောက်​​ခြောက်​လက်​သည်းတို့က တစ်​စင်​တီမီတာသာကွာ​တော့​သောအ​နေအထားကြီး။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)On viuen les histories. Descobreix ara