Chapter 20.1

11.1K 1.7K 76
                                    

ဖီးနစ်သွေး (9)

သိပ္ပံနည်းကျမှဆိုသည့်အယူအဆတို့မရှိတော့တာကြာပြီဖြစ်သည့်ကျန်းချိုးမှာ ယခုဖီးနစ်ဝိညာဉ်ဟူသည့်စကားကြားရသော်လည်း မအံ့သြမိ...အဲ့တာကြောင့်မို့ အဲ့အနီရောင်ပုတီးစေ့လေးက ရွှေရောင်အရမ်းတောက်နေတာကိုးဟုသာ ခံစားမိ၏။ ***ဒါပေမယ့်ဘာကြောင့်အဲ့တာကအကို၂ရဲ့ဟာဖြစ်နေရတာလဲ?***

ကျန်းချိုး အသံသာတိတ်နေတာ သူ့ဗိုက်ထဲတွင် သိချင်စိတ်ကတလိပ်လိပ်။ လီစူး သူ့လက်ကိုဆွဲ၍ အမှောင်ထဲတွင် ဖီးရှန်ဟွေ့၀မ်တို့နောက်က လျှောက်လာလေသည်။ စင်္ကြံလမ်းလေးက ကျဉ်းနေသော်လည်း လူနှစ်ယောက်ဘေးချင်းယှဉ်လျှောက်ဖို့တော့ လောက်ပါ၏။ သူတို့၏ အိတ်များမှာလည်း ဒီမနက်ကျန်းချိုးအတင်းလုယူလွယ်ထားသည့်ကျောပိုးအိတ်ကလွဲ၍မရှိတော့။ လမ်းလျှောက်တာနည်းနည်းကြာချိန်တွင် ကျန်းချိုးအမှောင်နဲ့ မျက်စိအသားကျသွားသဖြင့်သူအရှေ့ကလူနှစ်ယောက်၏ မှုန်ဝါးဝါးပုံစံလေးကို ဝိုးတဝါးလေးမြင်နိုင်၏။

ရုတ်တရက်သူတို့အရှေ့ကနေ တရှူးရှူးအသံကိုကြားလိုက်ကြရပြီး အသံက သာမာန်လူသားတစ်ဦး အသံထက် အများကြီးကြမ်းတမ်းနေပြီး ကျယ်လာလိုက်တိုးသွားလိုက်ဖြင့်။ ကျန်းချိုး လီစူးလက်အားတင်းတင်းဆုပ်ကိုက်လိုက်မိ၏။

"ဒါကျင်းလောင်ဒါးပဲ"

လီစူး၏အသံကတိုးနေပြီး သူ့နားအရမ်းကပ်နေသလိုဖြစ်နေသဖြင့် သူ့နားထဲ လေပြည်ညင်းတို့နူးနူးညံ့ညံ့လေးတိုးဝှေ့သွားသလိုလေး...ကျန်းချိုးသူ့နားနှစ်ဖက်လုံးနည်းနည်းလေးပူလာသလိုပင်။ သူခေါင်းညိတ်ပြလိုက်သော်လည်း လီစူးမမြင်မှာစိုးမိပြန်သဖြင့် တိုးတိုးလေးပြောလိုက်၏။

"အခုဘာလုပ်ကြမလဲ"

"သူ့နေရာမှန်ပြန်ပို့ပေးရမှာပေါ့"

လီစူးအသံက ခပ်ပြတ်ပြတ်ဖြစ်နေပြီး လူသတ်ငွေ့တို့လွှမ်းနေသလိုပင်။ ကျန်းချိုး သူလေးစားရသည့်လီစူးမှာ  အေးစက်စက်နေရသည်ကိုကြိုက်တတ်မှန်းသိပေမယ့် ဘယ်တုန်းကမှ သတ်ဖြတ်တော့မည့်ဟန်မတွေ့ခဲ့ဖူး။ သူတုန်သွားပေမယ့် လောင်ဖေနှင့် လူနှစ်ဦး သူ့မျက်စေ့ရှေ့တွင်ပင် အရှင်လတ်လတ်အသတ်ခံလိုက်ရသည်ကို အခုထိမျက်လုံးထဲကမထွက်နိုင်သဖြင့် သူတားမည့်စကားတစ်ခွန်းမှမဆိုမိ။ သွေးနံ့တွေက အခုထိသူ့နှာခေါင်းထဲစွဲနေဆဲ။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now