Chapter 23.2

11.1K 1.5K 101
                                    

လီဗာပေါ်ခြေတစ်ဖက်တင်လိုက်မိချိန် ကားအရှေ့ကို တစ်ပေလောက်ခုန်တက်သွားလေ၏။ အရှေ့ကိုဟပ်ထိုးနေသော လီစူးမှာ အနောက်ကို စပရိန်လိုခုန်တက်..ကားခေါင်းနှင့် ဆောင့်သည်ကို စာမဖွဲ့နှင့်ဦး..အနောက်က ဖီးရှန် ကားကြမ်းပြင်ကို ယုရွှေအမှတ်နှင့် အာဘွားတွေကြီးစွတ်ပေးနေရရှာလေတော့သည်။

"ဟို..ကျတော်ကားမမောင်းတာကြာပြီဆိုတော့လေ....ပြီးဟိုဟာ..မလေ့ကျင့်ဖြစ်လို့..ဟုတ်တယ်..မလေ့ကျင့်တာကြာလို့ပါ..ခနနေရင်အဆင်ပြေသွားပါလိမ့်မယ်"

သူခေါင်းကိုနောက်ဖက်ခုံက ဖီးရှန်ဆီလှည့်ရင်း အားနာနာဖြင့် စပ်ဖြဲဖြဲလုပ်လိုက်ရ၏။
ဖီးရီန်နေရာတကျလေးပြန်ထိုင်ချိန်တွင် မျက်နှာကြီးဖြူဆုတ်သွားလျက် ကုန်းအော်လိုက်လေသည်။

"အရှေ့ကြည့်.. အရှေ့ကိုကြည့်!"

ကျန်းချိုးအရှေ့ပြန်လှည့်ကြည့်ချိန်တွင် ကားမှာ မြောင်းကျယ်ကြီးဆီဦးတည်နေသဖြင့် သူ့အစွမ်းတို့ကိုအကုန်ထုတ်သုံးလိုက်လေသည်။ steerတိုင်ကိုအရစ်ကုန်အောင်လှည့်..ဘရိတ်ကိုလည်းအားကုန်သုံးနင်းလိုက်လေသည်။ တော်သေးသည်...မကျသွား၍။ သို့သော် မတော်သေးသည်က အနောက်က ယခုမှ ဖင်ချတုန်းရှိနေသေးသော ဖီးရှန်ပေတည့်။ အရှေ့ခုန်နောက်ကျောနှင့် ခေါင်းချင်းတိုက် ရန်သူသဖွယ် ကိုယ်နှင့်ပါပစ်လုံးလိုက်ပြီးသော်ကား အိတ်ကပ်ထဲက ဝိညာဉ်လုံးလေးပါ အရှေ့ဆီကို အလည်ထွက်လာလေသည်။ လီစူး အလျင်အမြန်လှမ်းကောက်လိုက်၏။ လက်ဖဝါးပြင်တစ်ခုလုံးနွေးခနဲဖြစ်သွားပြီး ရှင်းမပြတတ်သည့် နီးစပ်မှုတစ်စုံတစ်ရာကိုပါခံစားလိုက်ရသလိုပင်...

"ဝိညာဉ်လုံးရော"

ဖီးရှန်လောလောနှင့်မေးလိုက်သဖြင့် လီစူးချက်ချင်းပြန်ပေးလိုက်လေသည်။ ဖီးရှန်ယူလိုက်ရင်း သူနှင့်အနီးဆုံးလေးထိရောက်အောင်ထွေးဆုတ်ထားလေသည်။

ကျန်းချိုးအနည်းငယ်အားတုံ့အားနာဖြစ်သွားလျက် တစ်ယောက်ချင်းစီကို တောင်းပန်လိုက်လေသည်။ သူလိုင်စင်စရတုန်းက ဝမ်းပန်းတသာဖြင့် သူ့ပါးပါးကားကို ယူစီးပြီး လမ်းမကြီးပေါ်ထွက်ခဲ့ဖူး၏။ အဲ့နောက်တော့ သူများကသူ့ကိုမတိုက် သူကချည်းဦးအောင်တိုက်ခဲ့ပြီး အထိမနာသူတစ်ဦးတစ်ယောက်မှမရှိခဲ့။ ထိုအချိန်က သူ့နောက်ဆုံးသော ကားမောင်းခဲ့ချိန်လေး။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now