Chapter 27(full chapter)

10.9K 1.6K 87
                                    

အတိတ်ဘ၀ (5)

Liftရပ်သွားချိန် ထိုလူလေးယောက်ထွက်သွားကြပြီး အမျိုးသမီးမှာ ကျန်းချိုးကို ပြန်လှည့်ကြည့်လာသဖြင့် ကျန်းချိုးမထင်မှတ်ထားစွာပင် ရင်ထဲနည်းနည်းဗြောင်းဆန်သွားသလိုပင်။ ဒီလိုတော်ဝန်ဆန်တဲ့အလှကလေးက အရင်တစ်ချိန်ကကျန်းချိုးဆိုသည့်ဖြစ်တည်ချက်နှင့်ဆိုလျှင် ဤအီစီကလီနောက်ကောက်ကောက်ပါသွားမည်မှာမလွဲ။ အခုတော့ သိပ်စိတ်ဝင်စားစရာမကောင်းလှတော့။

တံခါးပြန်စေ့သွားချန်တွင် ဖီးရှန်ရုတ်တရက်စကားဆိုလာလေသည်။

"သူတို့လား?"

လီစူး ခေါင်းညိတ်ပြလိုက်ရင်း မျက်ဝန်းနောက်ကွယ်တွင်တော့ အေးစက်မှုတစ်ချို့က အထင်းသား။

"ဘာလှည့်ကွက်တွေသုံးမှာလဲ"

ကျန်းချိုး နှင်းခဲလေးဖြစ်သွားရ၏။

"သူတို့လေးယောက်က လူဆိုးတွေလား..စဉ်းစားကြည့်ဦးမယ်..အဲ့အမျိုးသမီးလှည့်ကြည့်လာတာ ကျတော်ရင်ထဲ တစ်ခုခုခံစားလိုက်မိကတည်းက တစ်ခုခုမှားနေခဲ့တာပဲ...အင်..."

ကျန်းချိုး၏စကားတို့က လီစူး၏အေးစက်မှုတို့ကို တစ်စဆီဖြိုခွဲနိုင်ခဲ့ပေသည်။ liftရပ်သွားချိန် သူတို့အခန်းဆီပြန်လာခဲ့ပေသည်။

"လမ်းပြမဲ့သူတွေရောက်လာပြီပဲ"

လီစူးစကားကိုကျန်းချိုးပြန်မပြောခင် ခနလေးစဉ်းစားလိုက်၏။

"ခများဆိုလိုတာက သူတို့ကနေရာအတိအကျသိတယ်လို့လား"

"ဟင်း...သူတို့နဲ့ကြုံခဲ့ဖူးတယ်လေ"

ကျန်းချိုးလည်း အခုမှ ဆက်စပ်မိသွားပြီး အဲ့အားသင့်သွားရ၏။

"မြက်ခင်းစိမ်းကြီးထဲ ရောက်သွားတဲ့အဲ့ကားလား?"

လီစူးခေါင်းငြိမ့်ပြသည်ကိုမြင်၍ဆက်မေးလိုက်၏။

"ဒါပေမယ့် သူတို့က ဖီးနစ်လုံးကိုပဲ လိုချင်တာမလား...ဘာလို့ ဖီးနစ်လုံးခိုးပြီး ဂူကိုသွားကြမှာလဲ?"

"ဒါ နောက်ကွယ်ကလောင်ကျင်းပို့လိုက်တဲ့လူတွေဆိုတာ ပြတာပဲ"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now