Chapter 43(full chapter)

8.1K 1.2K 71
                                    

Warning for some violent scenes..

ကျင်းဘုရင်ဟွေ့ဂူ(11)

.....လက်ဖက်သံလွင်ကိတ်.......

ကျန်းချိုး အသားထဲရောက်လာသည့်ဓားချက်ကိုမရှောင်လိုက်နိုင်ခင်တွင်ပင် ဓားက ပြန်ဆွဲပင်ထုတ်ခံလိုက်ရပေပြီ။ နာကျင်မှုနှင့်အတူနောက်ကိုဖြေးဖြေးချင်းလှည့်ကြည့်လိုက်မိ၏။

"စုမိန်းကလေး သူ့ကိုဘာလုပ်လိုက်ရမလဲ?"

ဒါက ပင်းချွမ်အသံ။ ကျန်းချိုး ထိုသူဘယ်လိုလွတ်သွားသည်ကိုစဥ်းစားဖို့ အရမ်းပင်ပန်းနေ​ေပပြီ။

"အဲ့အပျက်ကောင်ကိုခေါ်လာခဲ့"

စု၀မ်တင် ကျန်းချိုးနာကျင်မှုကိုအံကြိတ်ထားရင်း ခေါင်းပေါ်ကချွေးစီးတွေ​ကိုကြည့်ရတာ အရမ်းအူမြူးစရာပင်။ ကျန်းချိုးမေးစေ့ကိုကိုင်ရင်း ဓားထိတ်ဖြင့်ဖိလိုက်ရာ သွေးစီးကြောင်းတစ်ခုကဖြစ်ထွန်းသွားလျက်။ သူမမျက်လုံးတို့အရောင်တောက်လျက် စိတ်လှုပ်ရှားနေပုံပင်။

"နင်အခုထိ လီစူးလာကယ်ဖို့တွေးနေတုန်းလား ဒီချိန် သူကိုယ်တိုင်ကတော့ သခင်ကြီးရဲ့ပုံရိပ်ယောင်ထဲ တ၀ဲ၀ဲလည်ဖြစ်နေလောက်တယ် နင်နဲ့စာရင်းရှင်းပြီးရင်တော့ သူကငါ့အပိုင်ပဲ"

စု၀မ်တင် ကျန်းချိုးကိုပြောနေချိန် ဖေးချင်အချုပ်နှောင်ကလွတ်အောင်ရုန်းနေသဖြင့် စု၀မ်တင် ကြောက်စရာအကြည့်တို့ဖြင့် ဒေါသတကြီးလှည့်ကြည့်ရင်း သူ့လက်ထဲကဓားဖြင့် ဖေးချင်ညှပ်ရိုးကိုထိုးထည့်လိုက်လေသည်။

"ကြည့်ရတာ နင်ကသခင်ကြီးအတွက်ပြန်အသက်သွင်းတဲ့အလောင်းကောင်အရမ်းဖြစ်ချင်နေပြီနဲ့တူတယ်"

ကျန်းချိုးဖက်ပြန်လှည်လျက်..

"မင်းကအမှိုက်စဖြစ်ပေမယ့်ဒီရက်ငါပျော်နေလို့ သခင်ကြီးရဲ့အစွမ်းကိုခံစားခွင့်ပြုလိုက်မယ်"

ကျန်းချိုးသွေးထွက်လွန်ပြီး အမြင်တို့​ေ၀၀ါးနေသဖြင့် စု၀မ်တင်စကားတို့ကိုကြားတစ်ချက်မကြားတစ်ချက်သာ။

"သူ့ကိုဆွဲခေါ်ခဲ့"

စု၀မ်တင်ပိုင်ချင်လှုပ်နေဆဲကိုမြင်ပြီးဓားဖြင့်နောက်တစ်ချက်ထပ်ထိုးရင်းပြုံးလိုက်၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now