Chapter 25.1

10.7K 1.4K 90
                                    

အတိတ်​ဘ၀(3)

***ဟဟဟ ဒါအိမ်​မက်​မဟုတ်​ဘူးကွ အိမ်​မက်​မဟုတ်​ဘူး!!***

ကျန်းချိုးဝမ်းသာအားရကုတင်​​ဘေးတွင်​​ခြေတွဲ​လောင်းချထိုင်​လိုက်​ရင်း သူ့ဖြူ​ဖွေး​ဖွေး​ပေါင်​နှစ်​​ချောင်းကိုခွဲလိုက်​ရင်း သူ့လက်​ကို ​ပေါင်​အတွင်းဖက်​ကိုပွတ်​ကြည့်​​နေ​လေသည်​။ မျက်​နှာထက်​တွင်​​တော့ ရူး​ကြောင်​​ကြောင်​အပြုံးကြီးနှင့်​။

လီစူးကို ဒီလိုလူမျိုးလို့လုံးဝမထင်​ခဲ့မိ​ပေ။ အခု​ သူ့ကိုသိပ်​ချစ်​ပါတယ်​ဆိုတာကိုသာ​ပြောလိုက်​စမ်းပါ​တော့။***ဟီးဟီးဟီး မ​နေ့ညကတကယ်​ကြီးလား...ရှက်​စရာကြီး.ဟီးဟီးဟီး***
သူ့စိတ်​​လေးက​တော့ ရှက်​စရာ​ကောင်း​ကြောင်းသတင်းပို့​နေ​သော်​ငြား သူ့မျက်​နှာတွင်​​တော့ ​တစ်​​လောကလုံးကိုပိုင်​ဆိုင်​ထားသည့်​ ဘ၀င်​​လေဟပ်​သည့်​အရူးမျက်​နှာကြီးဖြင့်​။

ကျန်းချိုး သူ့​ပေါင်​​လေး​တွေကို​သေ​သေချာချာဆန်းစစ်​လျက် အရာ​လေး​တွေကို​ခွဲခြမ်းစိတ်​ဖြာ​နေပြီး ​ပျော်​​ပျော်​ရွင်​ရွင်​ကြီး ​ရေချိုးခန်းထဲဝင်​​သွားလိုက်​​လေသည်​။ ကိုာ်​လက်​သန့်​စင်​ပြီးချိန်​တွင်​ အတိုဆုံးအပြတ်​ဆုံးကို​ရွေးဝတ်​လိုက်​၏။

"မနက်​စာစားရ​အောင်​"

ရေချိုးခန်းထဲကထွက်​လာချိန်​တွင်​ လီစူးအသံနှင့်​ရုပ်​ကြီးမြင်​လိုက်​ရသဖြင့်​ သူ့မျက်​နှာ​ပေါ်က ပျားရည်​ချိုအပြုံးကို ရုတ်​သိမ့်းလိုက်​ပြီး စိတ်​မကြည်​မလင်​​သောအထာနှင့်​​နေလိုက်​​လေသည်​။

"ခများမ​နေ့ကဘာလုပ်ခဲ့လည်းဆိုတာ ကျ​တော်​မသိဘူးမထင်​နဲ့"

"ကိုယ်​ဘာလုပ်​ခဲ့လို့လဲ"

***ခများကြီး မ​နေ့ညက ကျ​တော့ကို​ခိုးလုပ်​ခဲ့တာ​လေ..အခု ၀န်​ခံလိုက်​စမ်းပါ***

"ခများလုပ်​ခဲ့တာကို ကျ​တော်​ကပြန်​​ပြောပြရဦးမှာလား"

"ကိုယ်​ပြန်​စဉ်းစားကြည့်​လိုက်​ဦးမယ်​"

လီစူး​လေး​လေးနက်​နက်​စဉ်းစားဟန်​ပြုစဉ်​​ ကျန်းချိုးတစ်​​ယောက်​မှာ​တော့ သူ့မျက်​နှာနား​ပြေးကပ်​မတတ်​ စိတ်​လှုပ်​ရှားစွာစိုက်​ကြည့်​​နေ​လေသည်​။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now