Chapter 7.2

13.5K 1.8K 31
                                    

ကျင်း​လောင်​ဒါး အမှန်​တကယ်​ ​လောင်​၀ူကိုသက်​သက်​သွားရှာခြင်းမဟုတ်​မှန်း ကျန်းချိုး​တွေးမိ၏။ ​လောင်​စန်းမှာလည်း ​တစ်​ခုခု​ပြောရန်​ပြင်​လိုက်​​သော်​လည်း ​နောက်​ဆုံး​နှုတ်​ပိတ်​တိတ်​တဆိတ်​သာ​နေ​လေသည်​။

တစ်​ဖွဲ့လုံး ထိုအ​ပေါက်​ထဲချီတက်​သွားချိန်​တွင်​ ကျန်းချိုး သူ့အားတစ်​​ယောက်​​ယောက်​စိုက်​ကြည့်​​နေသည်​ဟုခံစားရသဖြင့်​ ​နောက်​လှည့်​၍ ​လောင်​စန်းအား​ကျော်​၍ အ​ပေါက်​ဘက်​ကြည့်​လိုက်​မိ​သော်​လည်း မည်​သူမျှမရှိ​ချေ။သူအမှန်​တကယ်​ကို ခံစားမိ​နေခြင်းပင်​။

ကျန်းချိုး နှလုံးခုန်​နှုနိးအရမ်းမြန်​လာပြီး ဂုတ်​ဘက်​မှ​မွေးညင်းတို့ ​ထောင်​တက်​သွား​လေသည်​။ သူထပ်​ခံစားမိ၍ ထပ်​ပြီးလှည့်​ကြည့်​လိုက်​မိ​လေ​သော်​ ဘယ်​မျက်​တွင်းနက်​ကြီးနှင့်​ငူမျှရှိမ​နေ။ သူထင်​​ယောင်​ထင်​မှားဖြစ်​ခြင်းလားမသိ​သော်​လည်း..အ​ပေါက်​၀မှ...'ka cha ka cha´ဟူသည့်​အသံကို ကြား​နေရပြန်​သည်​။

"​စောက်​​ကောင်​..အ​နောက်​ဘဲလှည့်​ကြည့်​​နေ​တော့မှာလား"

လောင်​စန်း ​ဒေါသတို့မထိန်းနိုင်​စွာ ကျန်းချိုးအား ​အော်​လိုက်​မိသည်​။

ကျန်းချိုး အ​ရောင်​ပြယ်ေ​နသည့်​ဖိနပ်​တစ်​စုံပိုင်​ရှင်​၏ မျက်​လုံးများနှင့်​စုံလိုက်​မိ​သည်​။ သူအနည်းငယ်​ ဇ​ဝေဇ၀ါဖြစ်​သွားရ​လေသည်​။ ​​ဒေါသအိုး​လောင်​စန်းအား ဘားမှပြန်​မ​ပြောမိပဲ အ​ရှေ့သို့ သုတ်​​ခြေတင်​​ပြေးလိုက်​မိ၏။ ***ဒီမျက်​လုံး​တွေက  ​လောင်​၀ူရဲ့...***

သူမြင်လိုက်​မိ​သော ထင်​​ယောင်​ထင်​မှားမမည်​သည့်​အ​ခြေအ​နေအားထုတ်​​ပြောလိုက်​သင့်​သလားမသိ​တော့။ သူ​ဇော​ချွေးတို့ပြန်​လာသည်​မှာချက်​ချင်းပင်​။ ထို့​နောက်​တွင်​​တော့ သူ၏ ​အေးစက်​တုန်​ရီ​နေ​သော လက်​က​လေးအားဖျစ်​ညစ်​ခြင်းခံလိုက်​ရ​လေသည်​။

"အဲ့အ​ကြောင်းမ​တွေး​တော့နဲ့"

လီစူး၏ ​အေးစက်​စက်​​အ​ပြောက ကျန်းချိုးအားပို၍ပင်​ စိတ်​ရှုပ်​သွား​စေ​လေသည်​။ ​သူခပ်​တိုးတိုးဖြင့်​ပင်​​မေးလိုက်​၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now