Chapter 20.2

10.6K 1.6K 54
                                    

ကျန်းချိုး လီစူးပုံရိပ်မှုန်မှုန်မွားမွားလေးအား ကြည့်လိုက်ရင်း ဘာဆက်လုပ်ကြမလဲသာ တိုးတိုးလေးမေးလိုက်၏။ အမှောင်ထဲကနေတောင် လီစူး ကျန်းချိုး၏ ရှက်သွေးဖြာနေသည့်မျက်နှာလေးအားအတိုင်းသားမြင်နေရသည့်တစ်ခန၌ လီစူး ကျန်းချိုး၏ တင်ပါးလုံးလုံးလေးနှင့် ညည်းသံတို့ထုတ်ခဲ့သောမျက်နှာနီနီကိုသာပြေးမြင်နေသဖြင့် သူ့မျက်လုံးတို့ချက်ချင်း အနီရောင်ပြေးသွားလျက် အလိုရမ္မက်တစ်ချို့ချက်ချင်းပေါ်လာလေသည်။ အနီရောင်အလင်းတန်းက ကျန်းချိုး၏ မှောင်မိုက်နေသောမျက်ဝန်းတစ်စုံဆီဖြတ်သွားလေသည်။

"ခများ အခုလေးတင်အနီရောင်အလင်းတန်းကိုမြင်..."

"ဘုန်း:

အသံကျယ်ကြီးကြောင့်ကျန်းချိုးစကားမဆက်အားပဲအနောက်လှည့်ကြည့်လိုက်တော့ အလင်းရောင်နည်းနည်းလေးအားကိုးနှင့်မြင်နေရသည်က နံရံနား မြေပြင်ပေါ်ပြုတ်ကျသွားသည့် ယုရွှေနှင့် ဒေါသတော်တော်ထွက်နေသော ဖီးရှန်ဟွေ့၀မ်ပေတည့်။

"ဘာဖြစ်ကြတာလဲ:

ဖီးရှန်ဟွေ့၀မ်မှာ သူ့လည်ပင်း သူကိုင်ကြည့်ရင်း အသံနိမ့်နိမ့်ဖြင့်ပြောလာ၏။

"ဘာမှမဟုတ်ဘူး"

သူ့အသံက အရင်ကလောက်မတည်ငြိမ်ပဲ ဒေါသသံရောစွတ်နေသည်ကအသိသာကြီး။
မြေပြင်ပေါ်အပစ်ချခံလိုက်ရတာတောင် ယုရွှေ မှာအခုထိ ဦးရီးတော် ဦးရီးတော် နှင့် ပါးစပ်ကမချနိုင်သေး။ အသံလေးက သနားကမားရယ်ပါ။ သို့သော် အပစ်ချခံလိုက်ရသော အသံညောင်နာပိုင်ရှင်ယုရွှေမှာ အသံသာမက ခန္တာကိုယ်ကပါ ပြသနာရှိသွားပုံပင်။ ကျန်းချိုးသွားရန်ပြင်လိုက်သော်လည်း လီစူးကပြန်ဆွဲထား၏။

"အကို၂ သူ..."

လီစူး မြေပြင်ပေါ်က ယုရွှေကိုအကြည့်ဖြင့် စစ်ဆေးလိုက်ပြီး ဖီးရှန်ဟွေ့၀မ်ကိုကြည့်လိုက်၏။

"မင်းဒီလိုမလုပ်သင့်ဘူး..သူကနောက်တစ်နာရီလောက်ဆိုရင်တောင်သေတော့မှာ"

"မင်း!"

ဖီးရှန်ဟွေ့၀မ်တစ်ခုခုပြောလိုက်ချင်ပေမယ့် မပြောဖြစ်ခဲ့။ မြေပြင်ပေါ်က ဦးရီးတော်..အားရန်သာ တမ်းတနေသော ယုရွှေအား စိတ်ရှုပ်စွာကြည့်လိုက်ရင်း နောက်ဆုံး ယုရွှေကိုပြန်ထူမလိုက်လေသည်။ မျက်နှာကတော့ ရေခဲတုံးကြီးတစ်တုံးလိုပင်။ မြွေလိုရစ်ပတ်ချင်နေသည့်ယုရွှေချက်ချင်းsuperglueဖြစ်သွားပြီး သူ့လက်မောင်းက သံမဏိတွေလို သူနဲ့အရပ်မတိမ်းမယိမ်းရှိသည့် ဖီးရှန်ဟွေ့၀မ်အား အတင်းဖက်ထားလေတော့သည်။ သူ့ခေါင်းကို ဖီးရှန်ဟွေ့၀မ်ရဲ့လည်ပင်းနားပြန်မှီတင်လိုက်ရင်း ပျားရည်စမ်းချစ်စကားတို့ကိုသာ တိုးတိုးလေးပြောနေသည်မှာ ကျန်းချိုးခမျာ နားနှင့်ပင်မဆံ့တော့။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now