Chapter 7.1

13.7K 1.8K 40
                                    

ဖီးရှန်ဟွေးဝမ်ဂူ(5)

ဖောက်​ထွင်းထား​သော ဂူ​ပေါက်​မှာအလွန်​ကျဉ်းပြီး အလွန်​​မှောင်​၊ အလွန်​နက်​မှန်း အ​ပေါ်ကတစ်​ချက်​ငုံ့ကြည်​လျှင်​​တောင်​ လဒူပင်​သိနိုင်​​လေသည်​။ ဂူတွင်းထဲမှ ​ခြောက်​​​ခြောက်​ချားချားအ​အေးဓာတ်​ပင်​လျှင်​အပြင်​သို့ ​ရောက်​လာသ​ယောင်​ ​အေးစိမ့်​လွန်း​နေ၏။ ​မြေနံ့နှင့်​အနံ​ပေါင်းများစွာ​ရော​နေ​သော ဤဂူ​ပေါက်​ထဲဝင်​ရမည်​ကို ​ကြောက်​သည်​မှာ ဂူ​ပေါင်းများစွာထဲဝင်​ဖူးခဲ့​သော ကျန်းချိုးအတွက်​ ယခုတစ်​ကြိမ်​က ပထမဆုံးပင်​။ ​နောက်​ဆုံး ၀င်​ခဲ့သည်​မှာ ဂူမူးပြည်​မှဂူဖြစ်​ပြီး ထိုအချိန်​က သိပ္ပံနည်းကျနှင့်​ လက်​​တွေ့ဆန်​လှစွာ​သောအဖွဲ့သားတို့သာပါ​လေပြီး ယခုအ​ခြေအ​နေနှင့်​ လားလားမျှမဆိုင်​။ ယခု​သော်​ကား ကျန်းရှီတစ်​​ကောင်​၏ ကိုယ်​ထည်​ပင်​လျှင်​ ဂူ​ဘေးတွင်​ ယခုအထိ​ဘေးတွင်​ရှိ​နေတုန်း။ မည်​သို့ပင်​ဖြစ်​​စေ ယခုအ​ကြောက်​ဆုံးမှာ တစ်​​ယောက်​တည်းကျန်​​နေမည့်​အဖြစ်​။

လီစူးအရင်​ဆင်းသွား​လေပြီ။ ဤဂူ​ပေါက်​မှာနက်​​သော်​လည်း ကျဉ်းလွန်းလှသဖြင့်​ တွားသွားသွား​နေရသည့်​အဖြစ်​...ပိုစိုးသည်​က တစ်​​ယောက်​ချင်းသာ သွား၍ရခြင်း။ ကျန်းချိုးကနဦး၌ အင်္ကျီတို၊ ​ဘောင်းဘီတိုဝတ်​ထား​သော်​လည်း.. လီစူး ​လောင်​ဒါးထံမှ အလုံဖုံးအ၀တ်​တို့​တောင်း၍ ၀တ်​ခိုင်းသဖြင့်​ အခုလိုအ​နေအထားတွင်​ ​မြေတစပင်​ အ၀တ်​ထဲမ၀င်​နိုင်​သဖြင့်​ အလွန်​ကိုအ​ဆင်​​ပြေလှ၏။ ထို့ပြင်​ ပစ္စည်း​ပေါင်း​မြောက်​များစွာထည့်​နိုင်​​သော အိတ်​ကပ်​​ပေါင်းများစွာလည်း ပါ​လေသည်​။ ကံ​ကောင်းသည်​ ကံဆိုးသည်​မသိ..ကျန်းချိုးအိတ်​ထဲ မည်​သည့်​ပစ္စည်းမှမထည့်​ရ..မုန့်​ပင်​ မထည့်​ရပါ​ချေ။

လီစူးမှာ အရပ်​ရှည်​​သော်​လည်း တွားသွား​နေပုံမှာ ကိုးယို့ ကားယားမဖြစ်​..​​ကြောက်​​ကြောက်​လန့်​လန့်​ ​နှေးတုန့်​တုန့်​လည်းဖြစ်​မ​နေ​ချေ။ ကျန်းချိုး လီစူး​နောက်​ထပ်​ကြပ်​မခွာလိုက်​​နေရ​င်း လီစူး​နောက်​​ကျောမတိုက်​မိ​အောင်​ကြိုးစားရသကဲ့သို့ ​​​နောက်​မှလိုက်​လာ​သော ​လောင်​ဒါးတို့၏အဆူထပ်​ခံရမည်​ဆိုး၍ မ​နှေးလည်းမ​နှေးရဲ...။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now