Chapter 41(full chapter)

8.9K 1.2K 25
                                    

ကျင်းဘုရင်ဟွေ့ဂူ(9)

....ဂူထဲဆင်း......

စု၀မ်တင်ရဲ့၀မ်းသာအားရ တူးတော့ဆိုသည့်စကားဆုံးသည်နှင့်လေပြင်း​ေ၀ှ့လာ့ပီး မိုးမခတို့ သစ်တောကြီးထဲပြင်းပြင်းထန်ထန်ယိမ်းယိုင်ကုန်ပြီး ထိုအသံက ငိုညည်းနေသည်နှင့်ပင်တူ၏။ အခြေအနေက ချက်ချင်းကို ခြောက်​ချားစရာအဖြစ်ပြောင်းကုန်ပြီး ကျန်းချိုး ထင်ယောင်ထင်မှားလား မ​ေ၀ကွဲသော်လည်း သိသိသာသာကိုအေးနေသလိုခံစားရ၏။

လော့ရန်းဂေါ်တွေထုတ်နေသည့် လျို့ညီအကိုတို့မှာလည်း ထုတ်လက်စကိုရပ်ပြီးခြေနှစ်လှမ်းလောက် အလန့်တကြားဆုတ်သွားကြလေပြီး ဘယ်သူမှ စမတူးရဲ။

"ဘာလို့ရပ်နေကြတာလဲ ရှင်တို့တွေ မဟုတ်သေးဘူး အရှေ့ပိုင်းမစ္စတာတွေကက ဂူထဲဆင်းဖို့သတ္တိမရှိကြတာလား"

စု၀မ်တင်၏ ဖဲ့မှုအဆုံး စု၀မ်တင်ကိုလေးစားမှုဘယ်တုန်းကမှမရှိခဲ့သည့် ကတုံးက ဒီတစ်ခါဦးဆောင်လ်ုက်၏။

"ပစ္စည်းတွေပေး"

တားလျို့ဂေါ်ကိုလက်လှမ်းပေးလိုက်ချိန် သူ့လက်ကောက်၀တ်နေရာကအေးကနဲဖြစ်သွားကာ အ ရိုးထဲထိစိမ့်သွားသလ်ုခံစားလိုက်ရသဖြင့် ချက်ခြင်းပြန်ဆုတ်လ်ုက်၏။ ကတုံးစိုက်ကြည့်လိုက်ရင်းသာ ဂေါ်ကိုဆွဲလိုက်ချိန် ဘေးတစ်ဖက်မှာလည်း ပင်းချွမ်ကရှောင်းလျို့ လှမ်းပေးလာသည့် ဂေါ်ကိုတစ်ချက်ကြည့်လိုက်၏။ ထို့နောက်တစ်ယောက်ကိုတစ်ယောက်တစ်ချက်ကြည့်လိုက်ကြရင်း မြေထဲထိုးစိုက်လိုက်ကြ၏။

မြေထဲ ဂေါ်၀င်သွားသည်နှင့် လေထုကြီးငြိမ်ကျသွားသလို ကျန်းချိုးခံစားလိုက်ရသည်။

" မဟုတ်ဘူး အဆင်ပြေတယ်"

တားလျို့ တုန်တုန်ရီရီနှုတ်ခမ်းတို့ဖြင့် ၀မ်းသာနေသည့်လေသံဖြင့်ပြောလာ၏။

ကျန်းချိုးပုံမှန်မဟုတ်သလိုခံစားလိုက်ရ၏။ သေချာတာပေါ့ လေခနလေးပင်ငြိမ်ကျသွားပြီး ချက်ချင်းဆိုသလို လေထဲ သစ်ရွက်သံတွေ မိုးမခအခက်တွေ တကျွိကျွိမြည်သံတို့ ပဲ့တင်ထပ်သွားပြီး ထိုအသံတို့က အ ရ မ်းကျယ်လောင်ပြီးထူးဆန်းလွန်းလှသည်။ ဒါက သာမန်လေတိုက်သည့်ပုံစံနှင့်မတူ။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now