Chapter 25.2

11K 1.5K 36
                                    

အ​ပြုံးကြီးတဖြီးဖြီးနှင့်​ အ​ပျော်​တို့မဖုံးနိုင်​မဖိနိုင်​ဖြစ်​​နေ​သောကျန်းချိုး အပြင်​​လောကလည်း​ရောက်​​ရော လီစူးဆီကိုလမ်းသွားလမ်းလာများလှည့်​ကြည့်​​ငေးကြည့်​သွားသည်​ကိုမြင်​ရချိန်​ ဂုဏ်​ယူဝင့်​ကြွားစွာဖြင့်​ ရင်​​ကော့ဖင်​​ကောက်​​နေ​လေ​တော့သည်​။
***ဒီလိုhandsome typeကြီးက ငါ့ဘဲ​လေ..ဟဟဟဟဟ***

ကျန်းချိုး သူ့ဖုန်းအသစ်​နှင့်​အလုပ်​ရှုပ်​​နေစဉ်​ ရုတ်​တရက်​ လီစူးဘယ်​တုန်းကမှ ဖုန်းကိုင်​သည်​ကိုမ​တွေ့ဖူး​သေး​ကြောင်း သတိရမိသွား၏။

"ခများမှာ ဖုန်းမရှိဘူးမလား?"

"ကိုယ်​သုံး​လေ့မရှိဘူး"

ကျန်းချိုး ချက်​ချင်းတက်​ကြွသွားရ​လေသည်​။

"အနက်​​ရောင်​​နောက်​တစ်​လုံး​ပေး"

ထို့​နောက်​ လီစူးဖက်​လှည့်​ကြည့်​လိုက်​၏။

"ခများ ဘယ်​ကလာလဲဆိုတာ​တော့မသိဘူး...ခများ ဖုန်း​တောင်​မသုံးဘူးလား..ကပ်​ထည့်​ပြီးတာနဲ့ ကျ​တော်​တို့အတူတူဂိမ်း​ဆော့လို့ရပြီသိလား...ဟုတ်​သားပဲ..ခများမှာ ID cardရှိလား?"

"ID card?"

လီစူးမျက်​​မှောင်​ကြုတ်​သွားရ၏။ ကျန်းချိုး စိုးရိမ်​စိတ်​ဖြစ်​သွားရ၏။

"အဲ့တာ​ပျောက်​သွားတာလား..ကျင်း​လောင်​ဒါး ​လေယာဉ်​လက်​မှတ်​၀ယ်​ပြီး ခများကိုပြန်​မ​ပေးဘူးလား"

လီစူး​ခေါင်းခါပြလိုက်​​လေသည်​။

"Ok okအဲ့တာဆို ပြန်​လုပ်​ဖို့ အိမ်​ပြန်​ရဦးမှာ​ပေါ့..ခများအိမ်​ကဘယ်​မှာလဲ?"

"ရှီအန်းမှာ"

"အိုး တိုက်​ဆိုင်​လိုက်​တာ ကျ​တော်​က အဲ့မှာ​ကျောင်းတက်​ခဲ့တာ"

ကျန်းချိုး​ပြော​နေရင်းမှ လီစူးကို ​တော်​​တော်​လျစ်​လျူရှုခဲ့မိ​ကြောင်းကိုယ်​ကိုယ်​ကိုသတိထားမိသွား၏။ သူ လီစူးကိုယုံ၏။ သူ့ကိုအမြဲတမ်းအန္တာရာယ်​​တွေကြားက ကယ်​ခဲ့​သောသူ့ကို အကြွင်းမဲ့ယုံပါ၏။
***သူ့ရုပ်​ရည်​ကလည်း ငါ့ကိုကယ်​တယ်​​လေ..ခစ်​ခစ်​ခစ်​ သူ့မျက်​၀န်းတစ်​စုံက တကယ်​ကြီး အ​ရောင်​​တွေတလက်​လက်​နဲ့ ကြယ်​​လေး​တွေလိုပဲ***

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now