Chapter 58(full chapter)

4.4K 896 62
                                    

ကြည့်ရတာနောက်တစ်တွဲပေါ်လာဦးမယ်ထင်တယ်...

ကျုံးရှန်ပြည်(5)

ချီရှီ တွန့်ကြေသွားသည့်အပေါ်အင်္ကျီကိုပိုက်ရင်း အငေါ်ထူးနေတော့၏။

"ရှောင်ချိုးချိုး မင်း မင်းက အညှာအတာမရှိ ပန်းလေးကိုဖျက်စီးနေတာပဲ မင်းငါ့ကိုနည်းနည်းလေးမှမသနားတာလား..."

"မင်းပုံစံအမှန်ကိုစဥ်းစားလိုက်ရင် ငါ့မှာ ဘာသနားစိတ်မှမကျန်တော့တာခွင့်လွှတ်"

ကျန်းချိုးပြန်ပြောလိုက်မိ၏။ ဟုတ်တယ်လေ။ ၆ပေလောက်ရှိတဲ့လူကိုတောင်လက်တစ်ဖက်တည်းနဲ့ပစ်ပေါက်နိုင်တဲ့ ထိုချီရှီက သူ့ကိုသူ ပန်းလေးလိုနူးညံ့ပါတယ်တဲ့။

"နာတယ်ဟ ရှောင်ချိုးရ "

ချီရှီ ကျန်းချိုးအရိုက်ကိုရှောင်ရင်း ကုတင်ပေါ်မှာလူးလိမ့်ကုန်၏။

ကျန်းချိုး ချီရှီနှင့်အပြိုင်ငြင်းဖို့အလွန်ပျင်းသွားပြီး သူ့အခန်းဆီသာ ပြန်လှည့်လာလိုက်တော့သည်။

ကုတင်ပေါ်က ချီရှီ ကျန်းချိုးပြန်သွားပြီဆိုတာသေချာမှ ကျန်းချိုး လူမဆန်စွာနှိပ်စက်သွားတာကို အော်ဟစ်ကျိန်ဆဲလိုက်ပြီး သူ့မန်နေဂျာလေး ရှောင်ကျန့်ကို ဖုန်းခေါ်ကာ ညည်းလိုက်မိ၏။

"...ငါအခု ခေါင်းမူးမူးနဲ့ နေနေရတယ်"

"အကိုရယ် အကိုဘယ်လောက်ပဲသောက်နိုင်တယ်ဆိုတာ မသိဘူးလား ခွက်တစ်၀က်လောက်နဲ့တောင် မှောက်ချင်နေပြီ တစ်ခွက်လုံးဆို အကို့ကို မူးကွဲသွားစေလိမ့်မယ် အကိုအရက်မသောက်တာအကောင်းဆုံးပဲ"

ဘုမသိဘမသိ ထိုရှောင်ကျန့်လေးကတော့ သူ့အကိုအတွက်အလွန်စိတ်ပူနေပေးရှာလေသည်။

ချီရှီ အနာပေါ်အနာဆင့်သွားသလို ခံစားလိုက်ရပြီးသော်ကား ဖုန်းပြန်ချလိုက်ရတော့၏။ ထို့နောက် ၀တ်ကောင်းစားလှ၀တ်ကာ အောက်ထပ်က ဘားဆီ ဆင်းလာလိုက်၏။ သူက ခွက်တစ်၀က်မသောက်နိုင်ပေမယ့် ပါးစပ်အပြည့်တော့ မြည်းနိုင်နေကျပါ။

ကျန်းချိုး သူ့အခန်းပြန်ရောက်ချိန် ရှောင်းကျန်းလေးကိုအ၀တ်လဲပေးလိုက်၏။ နာရီကြည့်လိုက်တော့ နေ့လည်စာ စားချိန်။ သူ့ရှောင်းကျန်းကို ချီလာပြီး ထမင်းဆင်းစားပြီး သိပ်မကြာလိုက် အသံကျယ်ကြီးထွက်လာသဖြင့် စားသောက်ခန်းတစ်ခုလုံးတိတ်သွား၏။ တစ်ယောက်ယောက် ထကြည့်လိုက်တော့ ဘားနားက လာသည့်အသံ။ ကျန်းချိုးနားစွင့်ကြည့်လိုက်တော့

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now