Chapter 36(full chapter)

9.9K 1.3K 69
                                    

(T/N ကိုယ်updateမလုပ်တာကြာပြီဆိုတော့ အချိတ်အဆက်မိအောင်နည်းနည်းလေးပြန်နွေးလိုက်ကြပါဦးနော်..sorry for too late)

ကျင်းဘုရင်ဟွေ့ဂူ (4)

         တဖန်ပြန်လည်နိုးထခြင်း

စု၀မ်တင် အပြုံးမျက်နှာဖြင့် လီစူးကိုကြည့်ရင်း သေတ္တာကိုစားပွဲပေါ်တင်လိုက်၏။

"ကျမရဲ့လက်ဆောင်ပါ"

"မင်းဘာပြန်လိုချင်တာလဲ?"

လီစူး စားပွဲပေါ်ကသေတ္တာကိုငဲ့ပင်မကြည့်ပဲအေးစက်စက်ပြောလိုက်၏။

"ဒီလေလံပွဲက ငါတို့ကိုမျှားဖို့သက်သက်ပဲပေါ့"

"ဟုတ်တာပေါ့ရှင် ဒီပွဲက အကိုကြီးလီစူးအတွက်ပါ ရှင်တို့ထင်နေသလောက်သိပ်မကြီးကျယ်တာမို့ ကျမကို အရမ်းစိမ်းစိမ်းကြီးမဆက်ဆံလဲရပါတယ် ကျမတို့ကိုယ်လိုချင်တာကို give and takeလုပ်ကြတာပေါ့"

ကျန်းချိုးကတော့ အနောက်ကဘာပြောသည်ဆက်မကြားပဲ ကိုကိုလီစူးဆိုသည့် ထိုခေါ်သံကြီးသာနာထဲထော်လော်ကန့်လန့်ဖြစ်နေလေသောကြောင့် ချက်ချင်း၀င်ပြောလိုက်၏။

"အဲ့ပေါင်းစည်းတဲ့ကိစ္စမပြောခင် အရင်ဆုံး မစ္စစ်စု ကျတော်တို့ကမရင်းနှီးကြတော့ သူ့ကိုလီစူးလို့ပဲခေါ်ပေးပါ"

သူ့စကားလဲဆုံးရော ထရယ်လိုက်သည်က ဖီးရှန်ရယ်ပါ ။ ကျန်းချိုး အားရှောင်သူ့ကိုစနေမှန်းသိပြီး မျက်နှာကြီးက အခုမှရှက်ရကောင်းမှန်းနားလည်စွာ နီမြန်းသွားလေတော့သည်။

ကံကောင်းလှသည်က လီစူး သု့ကိုမျက်နှာအပျက်မခံစေပဲအေးဆေးစွာပြောလိုက်ခြင်းပင်။

"Missစု ကျတော့နာမည်ပဲခေါ်ပါ"

စု၀မ်တင်မျက်နှာတစ်ချက်ပျက်သွားသော်လည်း ချက်ခြင်းအပြုံးပြန်တင်ကာ​ပြောလိုက်၏။

"လီစူးက အဲ့လိုခေါ်စေချင်မှတော့ ရှင့်သဘောပါပဲရှင်"

ကျန်းချိုးစိတ်တို့မရိုးမယွပိုဖြစ်သွားသော်လဲ သူအခုထိုစု၀မ်တင်နဲ့အဓိပ္ပါယ်မရှိတာမဆက်ချင်တော့၍ တည့်တည့်ပဲမေးလိုက်၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now