Chapter 1.3

21.7K 2.4K 16
                                    

Unicode
ကျန်းချိုး အဲ့ဒီအဖြစ်အပျက်ကြီးပြီးတဲ့နေ့ကစလို့ ညစဉ်ရက်ဆက် အိပ်ရေးပျက်ရပေါင်းများ၍ လူသည်မှာလည်းမျော့မျော့သာကျန်တော့၏။ တစ်ညလျှင်အနည်းဆုံး ရှစ်ခါလောက်လန့်နိုးနေရပါလျှင်အဘယ်လူသားက ခံနိုင်ပါအံ့။

သူ့ရဲ့ပါးစပ်မှာ အခါးမျိုးပေါင်းသောင်းခြောက်ထောင် ထည့်ထားသကဲ့သို့ ခံစားရခက်နေသည်။ မနေ့ညက ငုံထားသည့်အချဉ်မှာ အခုထိပါးစပ်ထဲ လက်ရာမပျက်ရှိနေသေးသဖြင့် ကမန်းကတန်း ထွေးထုတ်လိုက်ရပြန်သည်။ သွားတိုက်နေစဉ်တွင် ပျို့အန်ချင်ပြန်၍ ဘာမှန်းမသိခါးသက်လှစွာပင် အန်ချရပြန်သည်။ ရေချိုးခန်းတံခါးဘေးတွင်သာ တုန်ရီမောဟိုက်စွာမှီနေရပြီး ရုတ်တရက်တံခါးဖွင့်သံက နှလုံးလွင့်မတတ် ထိန့်လန့်စေသည်။ တခါးဖွင့်ရင်းဝင်လာသူက သုတေသီအဖွဲ့၀င်များ

"မင်းမျက်နှာကြီးကလည်း ဖုတ်ကောင်အတိုင်းပဲ ဖြူဖျော့နေတာပဲ  နေမကောင်းဘူးလား"

"စီနီယာ ဟွားတင် ကျတော်ပြေးရတာများသွားလို့နေမှာပါ ဒါနဲ့ ပါမောက္ခ ကော?"

ဟွားတင်ရေနွေးတစ်ခွက်ခပ်ပေးရင်း ကျန်းချိုးလက်ထဲတယုတယထည့်ပေးလိုက်သည်။

"ပါမောက္ခက ရှန်းရှီကိုသွားလိုက်တယ် မင်းကိုလည်းအိမ်ပြန်ပြီးနားခိုင်းလိုက်ဖို့ မှာသွားသေးတယ်.."

နွေရာသီအားလပ်ရက်သည် လွန်ခဲ့သော ၃ရက်ခန့်ကပင်စတင်ရနေပြီးဖြစ်သော် လည်း ကျန်းချိုးတစ်ယောက် ပါမောက္ခနှင့်အတူ ချင်းလင်တွင်ရှိသော ကူမူးမြို့၏ ဂူသင်္ချိင်းကို ပိုလေ့လာလိုလှသည်။ ဂူများသည်နေရာတိုင်တွင်ရှိနေပြီး ပင်မသချိုင်းနေရာတွင်ပင် အစိမ်းရောင်ဂူပေါင်း ၁၈၀၀တူးဖော်ရရှိခဲ့သည်။ ထိုဂူများထဲတွင် အလောင်းကောင်းများကိုယ်စီရှိကြသော်လည်း ကျောက်စိမ်းကုတင်ကြီးရှိရာ လိုဏ်ဂူအောက်တွင်တော့ ပိုင်ရှင်ရှိမနေချေ။ ပိုင်ရှင်မရှိပဲ ထိုရက်က ဂယောင်ခြောက်ချားတွေ့လိုက်ရခြင်းအတွက် ကျန်းချိုးတစ်ယောက် အဖြေမထုတ်နိုင်ခဲ့ ။

နေ့စဉ်ရက်ဆက် အော့အန်နေသော ဤခန္ဓာကိုယ်ကြီးနှင့်လည်း သန်မာချင်ယောင်မဆောင်နိုင်တော့ပြီ။ သူခေါင်းညိတ်လျက်သာ ပါမောက္ခ မှာထားသည်ကို လက်ခံလိုက်ရသည်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now