Chapter 2.3

19.8K 2.3K 31
                                    


Unicode

"ရှင့်ဘေးက တစ်ယောက်က ရေအိမ်ခနဝင်သွားတာ"

သူ၏ ထိတ်ထိတ်လန့်လန့် ပြူးပြူးပြာပြာဖြစ်နေသည်ကို ကြည့်ပြီး ပြန်ဖြေလိုက်သူက သူ့ရှေ့တွင် သူ၏ ခန့်ချောမှုအား ကြွေဆင်းခဲ့သည်ဟု အထင်မှားခဲ့သော မိန်းကလေးထဲမှ တစ်ယောက်ပင်။ ကျန်းချိုးခေါင်းသာ ညိတ်ပြလိုက်ရင်း ဘေးဘီဝဲယာအား အိပ်မှုန်စုန်မွှားမျက်နှာဖြင့်ပင် အကဲခတ်လိုက်မိသည်။ ရလဒ်မှာ သူ့အားရေခဲတုံးအကြည့်ဖြင့်ကြည့်ခဲ့သည့် ရေခဲမင်းသားအား ထင်ထင်ရှားရှားကြီး ထပ်မြင်ရပြန်လေသည်။ သူမွေးကတည်းက ယခုအချိန်ထိမှန်ဖူးသမျှ ယောင်္ကျားများထဲတွင် အချောဆုံးဖြစ်သည်ကိုတော့ မသိစိတ်တွင်ကော သိစိတ်တွင်ပါ အခါတစ်ရာပြန်ဝန်ခံမိလိုက်သည်။

သူ၏နက်မှောင်လှသော ဆံကေသာနှင့် ဖြူဖွေးနုညံ့လှစွာသော အသားရေတို့မှာ ပနံသင့်လှပေသည်။ ရထားပြတင်းပေါက်မှ တစ်ချက်တစ်ချက်အလင်းရောင်က သူ့အသားအရေပေါ်ကျတိုင်း အသားထဲဖောက်ပြီး အလင်းဖြာထွက်နေသလိုပင်။ သူ၏အသားရောင်ကား ပပဝတီ ခုနစ်ဆောင်တိုက်ခန်း မီးမထွန်းပဲတောင်လင်းမည့် အသားအရေမျိုး။ သူ၏ ဘေးတစ်စောင်းပင်မြင်ရသော အနေအထားမှာလည်း ထိုမိန်းကလေးတို့ ချီးမွမ်းထားသည်ထက် အပုံကြီး ခန့်ထည်နေပေသည်။ ကျန်းချိုး ထိုသူ၏ အလှအား ခံစားစီးမျောနေစဉ်တွင်ပင် ထိုသူသည် ကျန်းချိုးဘက်သို့ လှည့်လာပြီး အကြည့်ချင်းဆုံလာသော်လည်း ကျန်းချိုးအကြည့်များမလွှဲမိသကဲ့သို့ ထိုသူမှာလည်း သူ့အား ငေးမောကြည့်နေသည့်ဟန်ပင်။ သေချာသည်မှာ မည်သူမှ အကြည့်မလွှဲမိကြပေ။

သို့သော်လည်း ယခုကြည့်နေသော ထိုသူ၏ အကြည့်တို့မှာ အေးစက်နေဆဲဖြစ်​ေသာ်ငြား ယခင်ကလောက်ကြောက်စရာမကောင်းတော့သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုမျက်ဝန်းတို့မှာ ရန်လိုခြင်းအလျင်းမရှိချေ ။

ထိုသူ၏ နှုတ်ဆက်ဟန်ဖြင့် ခေါင်းညိတ်အသိအမှတ်ပြုမှုသည် ထိုသူအတွက် ရိုးရိုးသားသားဖြစ်ဟန်တူသော်လည်း ကျန်းချိုးအတွက်မူ သွေးဆောင်ဖြားယောင်းနေသကဲ့သို့ ခံစားမိသောအခါတွင် စိတ်ထဲ မရိုးမယွကြီး ဖြစ်သွားရှာလေသည်။ သူချက်ချင်းပင် ခေါင်းညိတ်ပြုံးပြလိုက်သော်ငြား ထိုသူမှာ အခြားတစ်ဖက်သို့လှည့်၍ မျက်လုံးများပင်မှိတ်သွားပြီးဖြစ်လေသည်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now