Chapter 3.1

19.4K 2.2K 10
                                    


Unicode

ဖီးရှန်ဟွေးဝမ်ဂူ(1)

ငှါးလာသော taxiသည် လမ်းကြားလေးသို့ရောက်သည်နှင့်ရပ်လိုက်သည်။
.
"ကားက ဒီလမ်းကြားထဲဝင်လို့မရတော့ဘူး ကိုယ့်ဟာကိုယ် ဆင်းပြီးလမ်းလျှောက်သွားတော့"

သူ့ဖခင်နောက်သို့လိုက်နေရသော်လည်း ကျန်းချိုးရင်ထဲတွင် မေးခွန်းများကအပြည့်။ သူတစ်ခွန်းတစ်လေမျှ မေးရဲသည့်သတ္တိမရှိချေ။ အဘယ်သို့မေးရဲပါအံ့။ မျက်နှာကြီးရှစ်ခေါက်ချိုးဖြင့် သွားနေသော ဖခင်နောက်တွင်သာ ကုတ်ချောင်းချောင်းလိုက်နေရသည့် အဖြစ်။

အချိန်ကား အပူဆုံးသော နေ့လည်မွန်းတည့်ချိန်။ ကျန်းချိုးမှာ နေမင်းကြီး၏ ခေါင်းတည့်တည့်ပေါ် ဖြန့်ကြက်နေသော အပူရှိန်ကိုလည်းကောင်း၊ ဆာလောင်မွတ်သိပ်မှုကြီးကိုလည်းကောင်း အပြင်းအထန် ခံစားနေရသော်လည်း တစ်ခွန်းမှ အထွတ်မတက်ရဲ။ taxiပေါ်မှ ဆင်းကတည်းကပင် သွားလိုသောနေရာရောက်တော့မည်ဆိုသည်မှာ သိသာလှသော်လည်း ဖခင်ဖြစ်သူမျက်နှာတွင် ပို၍ပို၍ ရုပ်ဆိုးအကျဉ်းတန်ကာ စိတ်မချမ်းသာ လာသလိုပင်ဖြစ်နေသည်။ ထိုမျက်နှာထားကြီးအား ကျန်းချိုးတစ်ယောက်  သူငယ်ချင်းပေါင်းပေါင်းလာသည်မှာ ကြာပြီဖြစ်သော်လည်း အဓိပ္ပါယ်မဖွင့်တတ်ရိုး အမှန်ပင်။

ဤကျောက်ခင်းလမ်းကျဉ်းကျဉ်းလေးပေါ်တွင် ဖခင်ဖြစ်သူနှင့် ကျန်းချိုးတို့မှာ ရှေ့ဆင့်နောက်ဆင့်အနေအထားဖြင့် လမ်းလျှောက်နေရခြင်းပင်။ လမ်းကျဉ်းထဲရောက်လေလေ ပိုမှောင်လေဖြစ်နေပြီး လမ်းမထက်တွင် သရဲပင်ရှာမတွေ့ချေ ။ လမ်းကျဉ်းလေးမှ မီတာတစ်ရာလောက်ဘယ်ဖက်ချိုးလိုက်ချိန်တွင် လမ်းမမှာပို၍ကျယ်လာပြီး လမ်းမကြီးကိုရောက်လာဟန်ပင်။ လမ်းမကြီး၏တစ်ဖက်တွင် ခြုံ ကြီးများဖြင့်လွှမ်းနေပြီး ကျန်တစ်ဖက်တွင် ဝါးများဖြင့်ဆောက်ထားသည့် ကုန်ဆုံဆိုင်များက အစီအရီနှင့်။

ဆိုင်တွဲများဘေးမှုဖတ်သွားစဉ်တွင် ကျန်းချိုး ကလေးတစ်ယောက် သကာရည်လောင်းထားသည့်မက်မွန်ချောင်းအား အားပါးတရစုပ်စားနေသည်ကိုမြင်လေသော် သရေများသည် စမ်းရေကဲ့သို့မစီး ရေတံခွန်ကဲ့သို့စီးကြလာလေရာ ထိုအချောင်းအား ဆွဲလုပြေးချင်စိတ်တို့တဖွားဖွား ပေါ်လာလေသည်။ ထို့ကြောင့်ဖခင်နောက်သို ထပ်ချပ်မကွာလိုက်ရင်း ထိုကလေးရှိရာအရပ်အား သင်္ချိုင်းရှိရာအရပ်ကဲ့သို့သဘောထား၍ မြင်လွှာတို့အား ကန့်သတ်ထားရလေသည်။ သို့သော်လည်း ကျန်းချိုးရင်ထဲ ထိုမက်မွန်ချောင်းသည် မည်မျှအရသာရှိ မည်မျှချိုချိုချဉ်ချဉ်လေးဖြစ်နေမည်နည်းဟု ပုံဖော်လာသည်မှာ ဖခင်ရုတ်တရက်ရပ်လိုက်သည့် လမ်းအဆုံးတစ်ဆိုင်တည်း ထီးထီးရှိနေသည့် နေရာအထိပင်ဖြစ်လေသတည်း။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now