Chapter 32.1

10.2K 1.4K 28
                                    

အတိတ်ဘ၀(10)

   ဖုတ်ကောင်လေး: ပါးပါးရေ နို့နို့

1800သောအလောင်းတို့က တစ်ချိန်က လီစူးအမိန့်ကိုတသွေမသိမ်းလိုက်နာခဲ့ကြသည့် ယုံကြည်ရသောလက်အောက်ငယ်သားများသာ။ သို့သော် နှစ်လေးထောင်ကြာပြီးသော်ကား ထိုသူယုံကြည်ရပါသည်ဆိုသည့် ထိုသူတို့၏ ရန်ငြိုးတို့ဖြင့် ပြန်အချုပ်ခံထားရ၏။
ဒီအစီအရင်ကိုသေချာချခဲ့ကြသည့် ထိုသူတို့က ရက်စက်လွန်းကြသည်ဟုဆိုရပေမည်။

ကျန်းချိုးဘားမှ ၀င်မပြောပဲ လက်ချောင်းတို့ကိုသာခေါင်းငုံ့ကြည့်လျက် အတွေးနယ်ချဲ့နေလေသည်။

"ကုန်း၀မ်? သူက ကျုံးချန်​ရဲ့မြေးတော်မဟုတ်လား?"

ကျန်းချိူး ခေါင်းမမော့လာသော်လည်း ဟွားတင်အပြောကိုနားစွင့်နေ၏။

"ဂူမူးက ဟိုးရှေးရှေးက ပုံပြင်တစ်ပုဒ်လိုဖြစ်သွားတော့ ကုန်း၀မ်ဆိုတဲ့သူကိုလည်း မှတ်မိသူသိပ်မရှိတော့ဘူး အဲ့ကြောင့် အဲ့ကုန်း၀မ်ရဲ့ရာထူးကိုမသိပေမယ့် ခန့်မှန်းရသလောက် ဂူမူးရဲ့ ဧကရာဇ်ဖြစ်လောက်တယ်"

ဟွားတင်ပြောရင်း လီစူးကိုကြည့်ကာ ထိုခေတ်က သားရဲအကြောင်းနှင့် နတ်ဘုရားသွေးအကြောင်းကို သိချင်လာလေသည်။

လီစူးမှာ ခေါင်းငုံ့ထားပြီး သူ့လက်ချောင်းတွေကိုသာ ကစားနေသည့် ကျန်းချိုးကိုကြည့်ရင်း ဒေါသတစ်ချို့တို့ပြေလျော့သွားလေသည်။ သူ့လေသံတို့က တည်ငြိမ်နေပြီး မသိလျှင်သူ့အကြောင်းမပြောနေသလိုပင်။ သို့သော်လည်း ထိုစကားတို့က ခေါင်းငုံ့ထားသည့်ကျန်းချိုးကိုတော့ မျက်လုံးတို့ပါနီရဲအောင်ပြုစားနိုင်လေသည်။

ဂူမူးဆိုတာက တိုင်းပြည်ငယ်လေးသာဖြစ်ပြီး ကုန်း၀မ်ဆိုသည့် ဂုဏ်သတင်းဟုန်းဟုန်းတောက်ခဲ့စဥ်က ရှန်မင်းတို့က တိုက်ခိုက်ရန်တပ်စုတစ်ခုစေလွှတ်ခဲ့ပြီးလီစူးကလည်း စစ်ပွဲလက်ခံခဲ့၏။ ထို့နောက် သူ အောင်နိုင်ခဲ့သော်လည်း အောင်ပွဲမခံမည်စပ်ကြားလေးမှာ သူ့လူတွေ၏ ခြုံခိုတိုက်ခိုက်ခြင်းကို မမျှော်လင့်ပဲ ခံခဲ့ရလေသည်။ ထို့နောက်တွင် ဆောင်းတွင်းခိုက်ခိုက်တုန်အောင်ချမ်းသည့်ကာလများကြား အသက်ရှင်အောင်မလုပ်နိုင်တော့သည့်အချိန်၌ကား သူလောကကြီး ကိုအရှုံးပေးသွားခဲ့ရသည်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now