Chapter 39(full Chapter)

9K 1.2K 83
                                    

ကျင်းဘုရင်ဟွေ့ဂူ(7)

.....နံရံပေါ်က မကောင်းဆိုးဝါး...

နောက်မနက်တွင် တံခါးကိုတဘုန်းဘုန်းထုသံ​က အဆက်မပြတ်ပေါ်လာ၏။ ကုတင်ပေါ်တွင် ကလေးလေးလိုထွေးပတ်ခံထားရသော ကျန်းချိူးမှာတော့ ပုဇင်းရင်ကွဲကောင်လို ညည်းတွားနေလေရှာ၏။ မနေ့ညက သူငြင်းခဲ့သော်ငြား လီစူး၏ လူမဆန်မှုများကြား သူယခု နာနာကျင်ကျင်နှင့် သာခွေယိုင်နေရလေပြီဖြစ်ပြီး မျက်ခွံပင် မ၍မရတော့။

"အဆင်ပြေသွားမှာပါ ဆက်အိပ်လိုက်ဦး"

လီစူး ကျန်းချိုးခေါင်းလေးကိုပုတ်ရင်း နူးနူးညံ့ညံ့စကားဆိုလိုက်ချိန် ကျန်းချိုး သူ့ကိုယ်သူပင်သတိမထားမိစွာပင် လီစူးစကားနားထောင်နေရင်း လီစူးလက်ဖဝါးနှင့် သူ့ခေါင်းကိုပွတ်လိုက်ရင်း ဆက်အိပ်လိုက်၏။

တံခါးခေါက်သံက ပိုကျယ်လာသဖြင့် ကျန်းချိုး စောင်ခေါင်းမီးခြုံလိုက်သလို စစက နူးညံ့ဟန်ရှိနေသော လီစူးမှာလည်း သူ့နဂိုအေးစက်ငွေ့တို့ပြန်လွှမ်းသွား၏။ သူတံခါးသွားဖွင့်ချိန်တွင်တော့ စု၀မ်တင်က တံခါးရှေ့စိတ်မရှည်စွာရပ်နေ၏။ သူမ တံခါးရှေ့ပေါ်လာသည့် လီစူးကြောင့် စိတ်မရှည်မှုများ ရုတ်ချည်းပျောက်ကွယ်သွားလျက် ချိုသောအပြုံးကို မျက်နှာပေါ်တင်ရင်း

"ကိုကိုလီစူး နိုးပြီလား"

သူမ လီစူး၏ လည်ပင်းက အနီအမှတ်တွေပေါ် မျက်လုံးရောက်ချိန် မနာလိုမှုအပေါင်းတို့ မျက်၀န်းထဲ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းထိန်းလိုက်၏။

"ဒီဆိုင်က မနက်စာက အရမ်းအရသာရှိ.."

"ငါ့ကို လီစူးလို့ပဲခေါ်  အခုဘာကိစ္စလဲ "

လီစူး စု၀မ်တင်စကားကိုဖြတ်ပြောလိုက်သဖြင့် စု၀မ်တင်မျက်နှာပေါ်ကအပြုံးတို့ လုံး၀ပျောက်ကွယ်သွားလေသည်။

"ဒီမနက် ၁၁နာရီ လေယာဥ်လက်မှတ်ဖြတ်ထားတယ်အဲ့ကြောင်းလာပြောတာပါ"

လီစူးဘာမှပြန်မပြောပဲတံခါးပိတ်သွားသဖြင့် စု၀မ်တင် သူ့အောက်နှုတ်ခမ်းသူကိုက်ရင်း အမုန်းပွားနေ၏။ သူလိုချင်ရင် မရဘူးဆိုတာမရှိစဖူး။ သူ သူ့သခင်စကားကိုနားထောင်ရင် သိပ်မကြာခင် ဒီလူကိုရတော့မှာပါ။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now